တစ် ခါတစ်လေ ကျားသည် ကျွန်မ၏ ဆုတောင်းသံကို ကြားရတယ် ထင်တယ်
ခွန်ဆမ်ကို လက်မောင်း ကိုင်ပြီး ဧည့်ခန်းအလယ်ရှိ ဆိုဖာပေါ်တင်လိုက်တယ်။ migraine(ခေါင်းတစ်ခြမ်းကိုက်တာ) ဆေးဝယ်ဖို့ ပြေးထွက်လာခဲ့တယ်။ ဒါက သူမနဲ့ ပိုရင်းနှီးဖို့ အခွင့်အရေးကောင်းပါပဲ။
"နေကောင်းရဲ့လား?"
ခွန်ဆမ်သည် ဆိုဖာပေါ်တွင် လဲလျောင်းနေချိန်တွင် သူမအနားတွင် ဒူးထောက်ကာ နဖူးပေါ်လက်တင်ကာ အလင်းရောင်မှ မျက်လုံးများကို ဖုံးကွယ်ရန် ကြိုးစားသည်။
"ငါခဏနေ ကောင်းလာမယ်။"
"ခွန်ဆမ် မှာ migraine ရှိမှန်း မသိဘူးလား"
နေပါဦး သူမက ဘာကြောင့်သိရမှာလဲ"
ဘာလို့လဲ ဆိုတော့ သူမက ငါရဲ့ အကြီးမားဆုံး ပရိတ်သတ်ပဲ။ ဟုတ်ပါတယ် သူမ အသံထွက်မဖြေခဲ့ပါဘူး။ ဒါပေမယ့် သူမ စပြီး ပြော မဲ့ အခါမှာတော့ သူမက
"ဘာလို့အိမ်မပြန်တာလဲ"
"အိုး...အာ။ဟို .... တခြားသူတွေ မရှိတော့ရင် အလုပ်နောက်ကျမှ ပီရတာကို ကြိုက်လို နောက်ကျထိ နေတာ "
"ဒါဆို မင်းငါ့ကိုတွေ့ဖို့လာတာလား။" သူမ၏ နဖူးမှ လက်ကို ဖယ်လိုက်ပြီး အညိုရောင် မျက်လုံးများကို ပေါ်လွင်စေသည်။
"မင်းငါ့ကိုမကြောက်ဘူးလား?"
"ဘာလို့ကြောက်ရမှာလဲ"
"ဟားဟား၊ ဘာလို့ ငါကို ကြောက်ရမှာလဲ မသိဘူး"
လက်ကို နဖူးပေါ်ပြန်တင်လိုက်ပြီး တိတ်ဆိတ်ငြိမ်သက်စွာ လှဲလျောင်းနေတယ်။" သူမ ကတော့ ဘာပြောရမှန်းမသိလို့ ဆိုဖာဘေးမှာ ဒူးထောက်နေတုန်းပါပဲ။
သူမ အိပ်ပျော်သွားပြီလား?
ဆယ်မိနစ်ကျော်သွားပီ ... နောက်ဆုံးတော့ သူမ လှုပ်ရှားလာ တယ်။
"ဘာလို့အိမ်မပြန်တာလဲ။ ဒီမှာ ဘယ်လောက်ကြာကြာနေမှာ လဲ။
ငါ အိပ်လို့မရဘူး။" သူမလက်ကို လှုပ်လိုက်ပြီး သက်ပြင်းချလိုက်တယ်။
"မင်းဒီမှာ တစ်ညလုံးနေမှာလား"
"မွန် "ထွက်သွားရင် ခွန်ဆမ် အဖော်မရိုဘဲ ကျန်ခဲ့လိမ့်မယ်။"
