Extra-3

3.5K 142 3
                                    

"သမီး အပြင်မှာအေးနေတာကိုအိမ်ထဲဝင်စောင့်ရောပေါ့ ဒါနဲ့ သားကြီးကလည်းဘယ်လိုဖြစ်လို့နောက်ကျနေရတာလဲ"

"မသိဘူးမေမေ စံလေးအတွက်မုန့်ဝယ်မယ်ဆိုပြီးထွက်သွားတာ.စိတ်ပူလိုက်တာ"

"ဟင်းးးဒီကလေးဘယ်တွေခြေရှည်နေပါလိမ့်"

"ဟော ဟိုမှာပြန်လာပြီ"

"ဟဲ့ သမီး ဖြည်းဖြည်းသွားပါကွယ် ချော်လဲကုန်မှဖြင့်"

"ဟီးးးစိတ်လောသွားလို့မေမေ"

"အရင်လို့ပြေးလို့လွှားလို့မကောင်းတော့ဘူး အခုသမီးမှာသားကြီးရဲ့ရင်သွေးလေးလွယ်ထားရတာလေ"

"ဟုတ် နောက်တစ်ခါဆင်ခြင်ပါ့မယ် "

"မ အပြင်မှာအေးနေတာကို အထဲဝင်နေရောပေါ့ အချိန်တန်ပြန်လာမှာပဲဟာ"

"အော် မောင်ကထွက်သွားတာကြာလှပြီလေ ညဥ့်ကလည်းနက်နေပြီ ဒီတော့စိတ်ပူရတာပေါ့ "

"ဟီး အွန်းပါ အဲ့ဒါတွေကြောင့်ချစ်နေရတာ"

ချစ်ဇနီးလေးရဲ့နှာဖူးကိုသူဖွဖွလေးနမ်းလိုက်တော့ဒေါ်သက်လျာတို့တင်းပြီလေ..

"အဟမ်း ဒီကလေးတွေလူကြီးရှေ့မှာ"

"မေမေကလည်းသားတို့ကမဖွယ်မရာလုပ်နေတာမှမဟုတ်တာ နော်မ"

"အင်း ဟုတ်တယ်"

"မပြောချင်ဘူးနော်မင်းငြှိုးမာန် ဟွန်း အငယ်ကောင်လေးကမှညတိုင်းဖုန်းဆက်ပြီးဖုန်းထဲကနေကန်တော့သေးတယ် မင်းတော့မိန်းမရပြီးကတည်းကဘုရားရော တရားရောမိဘရော အကုန်မေ့"

"အော် အရေးထဲမှညီ့ကိုအမွှန်းတင်နေပြန်ပြီ"

"အမှန်တွေပြောနေတာပဲလေ..တစ်ခါတည်းမှာထားမယ်နော် အပြင်မှာမုန့်တွေဘာတွေထွက်ဝယ်ရင်လည်းမင်းမိန်းမကိုသေသေချာချာလေးစောင့်နေဖို့မှာခဲ့ ခုနကများပြေးဆင်းသွားလိုက်တာ မေမေ​ဖြင့်ရင်တွေဖုတ်လိုက်ဖုတ်လိုက်နဲ့ ကိုယ်ဝန်အရင့်အမာကြီးနဲ့ကိုညဘက်ချော်လဲရင်မကောင်းဘူး"

"ဟုတ်လားမ "

"အွန်း မောင့်ကိုတွေ့လိုက်တော့စိတ်လောပြီးပြေးဆင်းလာလိုက်တာ "

{မောင့်အရိုင်းပင်}[Completed]Where stories live. Discover now