Chapter-27

3.6K 145 3
                                    

"လှန်"

"ဟင် "

"ပေါင်လှန်"

"အဲ့လိုပြောလေ အမလေး နာတာ"

ငမူးစောင့်ကန်လိုက်တဲ့အရှိန်နဲ့အနာကပြန်ကွဲသွားခြင်းပင်ဖြစ်သည်။အရင်ဆုံးဒဏ်ရာကိုရေအေးအေးနဲ့သူဆေးချလိုက်တယ်။ပြီးတာနဲ့အဝတ်သန့်တစ်ခုနဲ့သုတ်လိုက်ပြီးဆေးရွက်တွေထပ်အုပ်ဖို့လုပ်တယ်။ ကုက္ကိုလ်ရွက်တွေကိုရေနဲ့ဖိချေပြီးဒဏ်ရာပေါ်အရည်ငြှစ်ချတော့အောက်လူကထွန့်ထွန့်ကိုလူးနေရောပဲ..

"အားးးမေမေ့ စပ်တယ် "

"ငြိမ်ငြိမ်မနေရင်အနားကတုတ်နဲ့စောင့်ထိုးပေးလိုက်မယ်"

"အင့် စပ်လို့လေကွာ စပ်တာတောင်လွတ်လွတ်လပ်လပ်မစပ်ရဘူးလားလို့ "

"ဒီလောက်လေးနဲ့သေမသွားဘူး"

"မောင့်အရိုင်းကနှလုံးသားမရှိဘူးထင်တယ် မောင့်ကိုနှိပ်စက်တယ်"

"စောက်စကားအပိုတွေလာမပြောနဲ့ "

"ဟင်း လုပ်ပါ လုပ်ပါ မောင့်အရိုင်းစိတ်ချမ်းသာဖို့ကအရေးကြီးပါတယ် "

"ရပြီ "

"အင်း ကျေးဇူး ဟိုမှာ မောင့်အရိုင်းအတွက် မောင်ထန်းရည်နဲ့ငါးသေးသေးလေးတွေကြော်ထားတယ်"

အိမ်လယ်ခေါင်ချထားတဲ့ထန်းရည်အိုးနဲ့ငါးကြော်ပန်းကန်ကိုအရိုင်းအစတည်းကမြင်ပြီးသား ဘာတွေကြောင့်ဖားနေသလဲမသိပေမယ့်အရိုင်းထိုင်သောက်နေလိုက်တယ်။

"ကောင်းလား"

". ..."

"မောင့်အရိုင်း"

ပျစ်ချွဲချွဲအသံနှင့်ထက်ပြောလာပြန်သည်။အရိုင်းသက်ပျင်းတွေသာလှိမ့်ချနေပြီးထန်းရည်အိုးကိုသာမော့သောက်နေမိတယ်။ရုတ်တရပ်သူ့ကိုပွေ့ဖက်လာတဲ့လူကြောင့်စပြီးရုန်းကန်ရပါသည်။

"လွှတ် ခတ်ထန် မင်း မထိနဲ့"

"မောင့်အရိုင်းလို့ ဟင့် သူများကိုယူတုန်းကယူပြီးတာဝန်ကျမယူဘူး ငိုလိုက်မှာနော်"

"မဟုတ်တာတွေထပ်မပြောပါနဲ့ ငါမကြားချင်ဘူး"

"ရှင်ကြီးအခုစားနေတဲ့ငါးကြော်ကလေ ကျုပ်လက်လေးတွေဆီပေါက်ခံပြီးကြော်ထားရတာ အသိအမှတ်မပြုတောင်ကောင်းတယ်လို့တော့ပြောသင့်ပါတယ် "

{မောင့်အရိုင်းပင်}[Completed]Hikayelerin yaşadığı yer. Şimdi keşfedin