Chapter-22

3.2K 165 4
                                    

မနက်ဝေလီဝေလင်း တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်တစ်ခုမှာလမ်းလျှောက်နေသံကတစ်စုံတစ်ယောက်နိုးသွားမည်ကိုစိုးရိမ်နေဟန်..

"အမေ ဘာလို့လဲ ဘာလို့ပြန်မှာလဲဟင် စံလေးရိုင်းရိုင်းနဲ့မခွဲနိုင်ဘူး အဖေကလည်းသူ့ကိုမပြောပဲသွားရင်စိတ်ဆိုးသွားမှာ"

"တိုးတိုးပြောစံလေး အမေတို့သွားမှရမယ် အဖေ့ကိုအမေနှုတ်ဆက်ပြီးပါပြီ လာပါ"

"ဟင့်အင်း အမေကနှုတ်ဆက်ပြီးပေမယ့် စံလေးနှုတ်မဆက်ရသေးဘူး ခဏပဲနှုတ်ဆက်မယ်လေနော်"

"စံလေး အမေ့စကားနားထောင်စမ်း အမေလည်းမပြန်ချင်ပါဘူး ဒါပေမယ့် အမေတို့ဆက်ရှိနေရင်အဖေကစိတ်ညစ်ရမှာ ဒါ့ကြောင့်အမေတို့ပြန်ကြမယ်နော်"

"ဟင့် အင့် မရဘူး အဖေနဲ့တွေ့ချင်သေးတယ် အဖေ့ကိုတွေ့ပြီးမှပြန်မယ်"

"ကျစ် စံထိပ်ထား အရင်လိုမဆူတော့အမေ့စကားကိုနားမထောင်ချင်တော့ဘူးပေါ့လေ ဟုတ်လား"

"အင့် အဟင့် စံလေးကအဖေ့ကိုနှုတ်ဆက်ချင်ယုံပါ ဟင့် အဖေ့ကိုနှုတ်ဆက်ပြီးရင်သွားကြမယ်လေနော်"

"မရဘူး အမေကဒါဆိုဟိုဟာမလုပ်နဲ့စံထိပ်ထား လာခဲ့"

တအင့်အင့်ရှိုက်သံတို့ထွက်ကာမျက်ရည်စီးကြောင်းနဲ့ကလေးငယ်ကားသူမဆွဲခေါ်ရာနောက်တရွတ်တိုက်ပါလာတော့၏။

"အမ"

"ဟင်"

ခြံထဲကထွက်ခါနီးမှာကြားလိုက်ရတဲ့အသံတစ်ခု ကြားရုံနဲ့တင်ဒေါသသံတို့စွတ်နေတာသူမသိတယ်။ဘယ်သူလဲဆိုတာစူးစမ်းစရာတောင်လိုမယ်မထင် ဆွဲခေါ်ခံလာရတဲ့သမီးငယ်ကငိုသံပါကြီးနဲ့အဖေဟု ဆိုကာပြေးသွားလေရဲ့..

"အဖေ ဟင့် အင့် အူးးဝါးးးအဖေ့ကိုနှုတ်ဆက်မို့ကို အွန့် အမေကဒီတိုင်းပြန်မယ် ဟင့် တဲ့.."

"သမီးလေး တိတ်တော့ သွား ဖွားဖွားကြီးဆီသွားအိပ်နေ"

"လူကြီးတွေအိပ်နေပြီကိုငြှိုးမာန်"

"အမ ဝင်မပြောနဲ့"

အရင်လိုမဟုတ်ပဲအမိန့်သံပါနေတာမို့ထိပ်ထားစကားတွေလေထဲမှာပြယ်လွင့်သွားရတယ်။စံလေးတစ်ယောက်အထဲပြေးဝင်သွားတာနဲ့တစ်ပြိုင်နက်ငြှိုးမာန်ကထိပ်ထားလက်ကိုဆောင့်ဆွဲကာခြံထဲကထိုင်ခုံပေါ်ခေါ်လာတယ်။

{မောင့်အရိုင်းပင်}[Completed]Onde histórias criam vida. Descubra agora