Chapter-17

3.1K 152 1
                                    

"မောင့်အရိုင်း..."

မိုးလင်းတာနဲ့နားထဲမှာကြားရစမြဲခပ်သဲ့သဲ့ခေါ်သံလေးတစ်ခု..မျက်လုံးများပွင့်ဟလာတော့နွေးထွေးတဲ့ရင်ခွင်ကြီးထဲမှာသူကအခန့်သားရောက်နေခဲ့ပြီ။တင်းကျပ်နေအောင်ထွေးပွေ့ခံထားရတော့ခန္တာကိုယ်နှစ်ခုကလိုသည်ထက်ပို၍ပူးကပ်နေကာ အပူငွေ့လေးတစ်ချို့ပုံမှန်မဟုတ်သည်ကိုသတိထားမိလိုက်တယ်။

"မောင့်အရိုင်း.."

"ဟင်"

"ကိုယ်တွေပူနေတာလား"

ချက်ချင်းကိုသတိထားမိသွားတဲ့လင်တော်မောင်..မပြောပဲထားမယ်လို့ဆုံးဖြတ်ထားခဲ့ပေမယ့်အရိုင်းမပြောခင်သူကသိနှင့်နေပြီ။

"အွန်း မနေ့ကအရှိန်ကြောင့်ထင်ပါတယ်"

"ဧည့်ခန်းထဲကကိစ္စလား"

"ဟုတ်တယ်"

"ကျစ် ဒုက္ခပဲ အခုဘယ်လိုနေလဲ"

"ဘာကိုလဲ ကျောပူခေါင်းပူထရုံပါ"

"မဟုတ်ဘူး အောက်ပိုင်းကိုပြောတာ"

"အောက်ပိုင်းကတော့အောင့်နေတယ် ရက်ဆက်လုပ်မိလို့ထင်တယ်မောင်"

"ဟင်း မဖြစ်ဘူး ဆေးခန်းပြရမယ်"

"ဆေးခန်း မသွားချင်ဘူး"

"မသွားလို့မရဘူး "

"မောင်ရယ် အရိုင်းကိုဒီတစ်ခါတော့အလျှော့ပေးပါနော်"

နှစ်ဦးသာလှဲနေရင်းကမျက်နှာချင်းဆိုင်ကာအရိုင်းလက်လေးနှစ်ဖက် ခတ်ထန်ပါးပြင်ပေါ်သို့ရောက်လာသည်။ထိုလက်ကလေးများအားခတ်ထန်ဘက်မှ ဆုပ်ကိုင်ကာအပြုံးရေးရေးလေးပြုံးပြလိုက်တယ်။

"ဆေးထိုးအပ်ကြောက်လို့မလား"

"ဟင် မောင် မောင်ကဘယ်လိုသိတာလဲ"

"ဒီတိုင်း ကြားဖူးနားဝ အရမ်းသန်မာတဲ့လူတွေကအပ်တို့သံတို့လိုသေးသေးပိစိလေးတွေကြောက်တက်တယ်တဲ့"

"ဟုတ်လား အရိုင်းတော့မကြားဖူးဘူး အပ်ကြောက်တာတော့မှန်တယ်"

"ဟားဟား ကောင်းပြီ ဒါဆို မောင်မေမေနဲ့တိုင်ပင်ပြီး ဒီကိစ္စတွေနားလည်မဲ့ဆရာဝန်ကိုအိမ်ပင့်လိုက်မယ်"

{မောင့်အရိုင်းပင်}[Completed]Où les histoires vivent. Découvrez maintenant