ဆယ်ဟွန်း အိမ်ပြန်ရောက်တော့ daddyကသူ့အားဘာမှမပြောဘဲတိတ်ဆိတ်ကာစာဖတ်ခန်းထဲသို့ဝင်သွားသည်။ သူရန်ဖြစ်ချင်လို့ဖြစ်တာမှမဟုတ်တာ..အခုဆို ပြန်ရောက်ကတည်းက စကားလည်းမပြောဘူး။ထမင်းစားသောက်ပြီးတော့လည်း ဘာမှမပြောဘဲ စာဖတ်ခန်းထဲပြန်ဝင်သွားပြန်သည်။ဆယ်ဟွန်းမနေတတ်တော့ပါ။daddyကသူ့ကိုအခုလိုစကားမပြောဘဲ ခဏလေးတောင်မနေနိုင်ပါ။
'ဒေါက် ဒေါက် ဒေါက်'
ဆယ်ဟွန်း တံခါးအားခေါက်ကာ အသံပေးလိုက်သည်။
"Daddy"
ဂျလောက်..တံခါးဖွင့်သံနှင့်အတူ သူ့ရှေ့တွင်ရပ်နေသော daddy...သူ daddyကို မော့ကြည့်လိုက်တော့ အကြည့်ချင်းစုံမိသွားတဲ့ မျက်ဝန်းတစ်စုံ..ခဏ..ထိုမျက်ဝန်းတွေကအရည်လဲ့နေပြီး မျက်ခမ်းစပ်နားမှာလည်းနီရဲလို့နေသည်။ daddyကငိုထားတာလား...
"daddy"
"ဟွန်းငယ် ဘာရပ်လုပ်နေတာလဲ...ဘာပြောမလို့လဲ"
"daddy ငိုနေတာလားဟင်"
"အဟင်းး daddyမငိုပါဘူး"
"daddyညာတယ်..မငိုဘူးဆိုရင် ဘာလို့ daddy မျက်ဝန်းတွေနီရဲနေတာလဲ"
"အဲ့တာ အမှုန်ဝင်သွားလို့ပါ"
"daddy ဟွန်းငယ်ကိုစိတ်ဆိုးနေတာလားဟင်..."
"daddy ဟွန်းငယ်ကိုဘယ်တုန်းကစိတ်ဆိုးဖူးလို့လဲ..စိတ်မဆိုးပါဘူး"
"ဒါဆိုဘာလို့ ပြန်ရောက်ကတည်းက ဟွန်းငယ်ကို စကားမပြောဘဲနေနေတာလဲ"
"အဲ့တာက...daddy ဟွန်းငယ်နဲ့ မျက်နှာချင်းဆိုင်မိရင် ဟွန်းငယ်ရဲ့ မျက်နှာ နုနုလေးထက်က ဒဏ်ရာတွေကိုမြင်ရင် daddyရင်နာလို့ပါ...ဟောဒီပါးပြင်လေးကိုdaddyကအနမ်းပေးရင်တောင် daddyနှုတ်ခမ်းမွှေးလေးတွေနဲ့ထိမိပြီးနာကျင်သွားမှာစိုးနေခဲ့တာ...အခုလို ..အခုလို...ဒဏ်ရာတွေနဲ့မြင်နေရတော့ daddyစိတ်တိုလွန်းလို့...ဒီပါးပြင်နုနုလေး..ပြီးတော့ ဒီနှုတ်ခမ်းပါးပါးလေး...ကျစ်..daddy...အဲ့ကောင်ကိုသတ်သာပစ်ချင်မိတယ် ဟွန်းငယ်ရယ်..."
"daddy..ဟွန်းငယ်ကိုအဲ့လောက်တောင်ချစ်တာလားဟင်"
"ချစ်တာပေါ့ ဟွန်းငယ်ရယ်"
YOU ARE READING
Am I Your Son Or Boyfriend???
Fanfiction[Both Zawgyi&Unicode] [Start Date-22.6.2022] [End Date-22.7.2022]