Part-19

91 6 4
                                    

အချိန်ကာလတွေဟာ တစ်နှစ်ပြီးတစ်နှစ် ပြောင်းလဲလာခဲ့သည်။ယနေ့ဆယ်ဟွန်း၏အသက်၁၈နှစ်ပြည့်ပြီဖြစ်သည်။daddyကခြံဝန်းထဲမှာပဲ ရင်းနှီးတဲ့သူတွေနဲ့ပဲမွေးနေ့ပွဲလုပ်ရင်း သူ့အားပိုင်ဆိုင်မှုလွှဲပြောင်းရန်စီစဥ်ထားသေးသည်။

"ဂျုံအင်ရေ...အစ်ကို တို့ရောက်ပြီ.."

"ဟာ..အစ်ကိုတို့ကလည်းစောစောမလာဘူး..ဒီမှာလာဝိုင်းကူပေးပါဦး"

"အေးအေး အစ်ကိုတို့လည်းကိစ္စလေးတွေရှိနေလို့ပါ"

"ဟုတ်..ရပါတယ်အစ်ကိုရယ်..ဟေ့ကောင် ပတ်ချန်းယောလ်...လိုအပ်တာတွေသေချာလုပ်နော်..တခုခုလွဲရင်မင်းနာပြီမှတ်"

"ငါလည်းသေချာလုပ်နေတာပဲကွ...မင်းသာ မင်းဘေဘီနားပဲကပ်နေ"

"ဘေဘီလေးကမွေးနေ့ရှင်လေ...သူ့နားမကပ်လို့မင်းနားကပ်နေရမှာလား"

"နည်းနည်းပါးပါးဝိုင်းကူပေးစမ်းပါဟ ငါနဲ့ငါ့ကလေးလေးကပိုအပင်ပန်းဆုံးပဲ..မင်ဘေဘီမွေးနေ့ဖြစ်ပြီးငါတို့ကပိုပင်ပန်းနေရတယ် "

"အေးပါကွာ..အရမ်းစကားများတာပဲ.."

"ဆယ်ဟွန်း..မင်းအမေတို့ကမလာသေးဘူးလား ဟိုကောင် အိုဂျီဝူးလည်းလာမှာမလား"

"အေး လာမှာလေ ဘာလို့လဲ"

"ကံကြမ္မာကထူးဆန်းတယ်နော် ငါတို့နဲ့ရန်ဖြစ်ခဲ့တဲ့ကောင်က မင်းနဲ့ညီအစ်ကိုတော်နေရတယ်လို့"

"အေးလေ...ထင်မှတ်မထားတာတွေ"

"ဟေ့ကောင်..ဟိုဘက်ကိုကြည့်လိုက်...မြန်မြန်"

"ဘာလို့လဲ..."

"ကြည့်ပါဆို.."

"ဟင်...ဦးဦးရီရှင်းတို့ကလည်းကွာ..သူများမွေးနေ့ပွဲအတွက်လာကူပေးနေတာလား သူတိူ့ချိန်းတွေ့ဖို့လုပ်ပေးထားတာလား မသိဘူး"

"အေးလေကွာ..ဦးဦးဂျွန်မြောင်တို့ကလက်ထပ်ပြီးပြီးသားကိုအိမ်မှာကျမနမ်းကြဘူး.."

"ထားလိုက်ပါကွာ...ငါတို့စားပွဲခင်းတွေလိုက်ခင်းရအောင်.."

"အေး"

မွေးနေ့ပွဲအတွက်ပြင်ဆင်နေရသည်မှာ ညနေတောင်စောင်းလို့နေဝင်တော့မည်ဖြစ်သည်။ဂျုံအင်လည်း ကိတ်မုန့်မှာထားတာ သွားယူရင်း ဟိုတခါဝင်ဖြစ်ခဲ့တဲ့ရတနာဆိုင်ကိုပါဝင်ခဲ့လိုက်သည်။အိမ်ပြန်ရောက်တော့ ကိတ်မုန့်ကိုနေရာချကာအအေးများနဲ့ဝိုင်ခွက်များကို နေရာတကျထားထားလိုက်သည်။ညလည်းတဖြေးဖြေးမှောင်လာပြီဖြစ်၍ပါတီပွဲလည်းစတွေ့မည်ဖြစ်သည်။

Am I Your Son Or Boyfriend???Where stories live. Discover now