"သူဌေးလေး ဒီနေ့ အကိုလေးsehun မွေးနေ့မလား...ဂေဟာကိုသွားရမယ်မလား.."
"အင်းး ဟုတ်တယ်... sehunကို သွားခေါ်ရမယ်
ခဏနေ သွားကြတာပေါ့ အဆင်သင့်ပြင်ထားလိုက်ပါ...""ဟုတ်ကဲ့ သူဌေးလေး.."
"ခဏ...ရှေ့နေပါ ခေါ်ထားလိုက်ဦး"
"ဟုတ်ကဲ့...သွားလိုက်ပါဦးမယ်..ခွင့်ပြုပါဦး.."
"အင်း"
ယနေ့ ဆယ်ဟွန်း ရဲ့ ၁၀နှစ်ပြည့်မွေးနေ့... ဒီနေ့မှာ ဆယ်ဟွန်းအား တရားဝင် မွေးစားရန် ဂေဟာသို့သွားရမည်။လွန်ခဲ့သော၅နှစ်ကသူဂေဟာသို့အလှူသွားလုပ်ရင်းထိုကလေးအားတွေ့ခဲ့ခြင်း... ထိုအချိန်က သူလည်းငယ်သေးတာကြောင့် ထိုကလေး၁၀နှစ်ပြည့်မှပဲမွေးစားရန်ဆုံးဖြတ်ခဲ့သည်။
"သူဌေးလေး သွားဖို့အဆင်သင့်ဖြစ်နေပါပြီ.."
"အင်း သွားကြတာပေါ့"
"ဟုတ်ကဲ့"
"ရှေ့နေရော အတွင်းရေးမှူးကျန်း"
"ရှေ့နေက နောက်ကနေလိုက်လာခဲ့မယ်လို့ပြောပါတယ်.."
"အင်း..ဒါနဲ့ မွေးနေ့လက်ဆောင်ရော ဝယ်ပြီးပြီလား"
"ဟုတ်ကဲ့ သူဌေးလေးမှာထားတဲ့အတိုင်း ဝယ်ပြီးပါပြီ"
"ကောင်းတယ်...သွားကြတာပေါ့"
"ဟုတ်ကဲ့"
မိနစ်၂၀လောက်ကြာတော့ ဂေဟာသို့ရောက်လာခဲ့သည်။ဆယ်ဟွန်းလေးရဲ့မွေးနေ့ပွဲကိုကျင်းပပေးရန်ဂေဟာမှူးအားပြောထားတာမို့ ကလေးများကပျော်နေကြသည်။ထိုအချိန် ဂျုံအင်ကားပေါ်မှဆင်းလာတာကိုမြင်သွားပုံရသည့်ဆယ်ဟွန်းကပြေးလာပြီး သူ့အားဖက်လိုက်သည်။
"Daddy...."
"Daddy ဟွန်းငယ်ကိုလာခေါ်တာလားဟင်"
"ဒါပေါ့ ဟွန်းငယ်လေးရဲ့ daddyက ဟွန်းငယ်ကို အပြီးလာခေါ်တာ.. လိုက်မယ်မဟုတ်လား"
"လိုက်မှာပေါ့ daddyကလည်း ဟီးဟီး"
သွားဖြူဖြူလေးများပေါ်အောင်ရယ်ပြလာသောထိုကလေးငယ်အားကြည့်ကာဂျုံအင်ပြုံးမိသည်။ဒီကလေးငယ်ကသိပ်ချစ်စရာကောင်းသည်။ဒါ့ကြောင့်လည်းသူမြင်မြင်ချင်းအပိုင်လိုချင်တာပေါ့.... သူ့သားအဖြစ်နဲ့လား သူ့အပိုင်အဖြစ်နဲ့လားဆိုတာတော့ ဂျုံအင်မတွေးမိ...
YOU ARE READING
Am I Your Son Or Boyfriend???
Fiksi Penggemar[Both Zawgyi&Unicode] [Start Date-22.6.2022] [End Date-22.7.2022]