"ဂျုံအင်ရေ..ဂျုံအင်.."
"ဟာ..ပတ်ချန်းယောလ်..မင်းဒီနေ့ဘာဖြစ်နေတာလဲ..ဟမ်.."
"ငါကအရေးကြီးကိစ္စပြောမလို့ကွ"
"ဘာလဲ ပြော.."
"အိမ်ထဲခေါ်ဦးလေကွာ"
"ဝင်..ဝင်.."
"ဆယ်ဟွန်းရော ပြန်ရောက်နေပြီလား.."
"အေး..ကြာပြီလေ..မင်း သားနဲ့တူတူပြန်လာတာပဲကို..ဘာတွေတရေးနိုးနေတာလဲ"
"အေး..ဟုတ်သား..ဒါနဲ့..ဆယ်ဟွန်းမင်းကိုဘာပြောသေးလဲ ပြန်လာတော့"
"ဘာမှမပြောပါဘူး"
"ဟုတ်လား.."
"ဂျုံအင်ရေ..ဂျုံအင်..အစ်ကိုတို့လာတယ်ဟေ့"
ဂျုံအင်အိမ်ရှေ့ကအစ်ကိုရီရှင်းအသံကြောင့် ခြံတံခါးမြန်မြန်သွားဖွင့်ပေးလိုက်သည်။ခြံစောင့်ဦးလေးကြီးကအိမ်ခဏပြန်သွားလို့ဒီရက်ထဲ သူရယ်ဆယ်ဟွန်းရယ် အဒေါ်ကြီးရယ်ပဲရှိသည်။
"အစ်ကိုတို့ကဘယ်လိုရောက်လာတာတုန်း..ညဘက်ကြီး.."
"လမ်းလျှောက်လာတာလေကွာ.."
"ဟာ..အဲ့တာကိုပြောတာမဟုတ်ဘူးလေ..ဘာကိစ္စလဲလို့"
"ကိစ္စလည်းရှိတယ်..ပြီးတော့ ငါတို့ကကိစ္စမရှိရင်လာလို့မရဘူးလားဟမ်.."
"ဟာ..အစ်ကိုဂျွန်ကလည်းအဲ့လိုပြောတာမဟုတ်ဘူး..လာဗျာ..အိမ်ထဲဝင်...ဟိုကောင်ပတ်ချန်းယောလ်လည်းရောက်နေတယ်"
"ဟုတ်လာ.."
"ဟုတ်တယ်"
"အစ်ကိုဂျွန်မြောင်...နေကောင်းတယ်နော်"
"ချန်းယောလ်...မတွေ့ရတာဘဲ ၃ရက်လောက်ရှိသေးတာကို"
"ကဲ..ပြောကြ..လာရင်းကိစ္စတွေ..ညဘက်မှဧည့်သည်တွေများနေတယ်"
"စာဖတ်ခန်းထဲသွားရအောင် ဂျုံအင်"
"အေး..ကောင်းတယ်..ငါပြောမှာလည်းအရေးကြီးတယ်"
"အဲ့တာဆိုလည်းလာဗျာ.."
ဂျုံအင်သုံးယောက်စလုံးကိုအပေါ်ထပ်မှစာဖတ်ခန်းဆီသို့ခေါ်သွားလိုက်သည်။
YOU ARE READING
Am I Your Son Or Boyfriend???
Fanfiction[Both Zawgyi&Unicode] [Start Date-22.6.2022] [End Date-22.7.2022]