Part-17

96 5 2
                                    

စနေနေ့ရောက်တော့ ဂျုံအင်အိမ်မှာအလုပ်ရှုပ်နေသည်။ ဧည့်သည်တွေလာမှာလေ..အိမ်ကိုသန့်ရှင်းရေးလုပ်ရတာပေါ့...အဒေါ်ကြီးကနေမကောင်းလို့ခွင့်တစ်ပတ်ယူထားတော့ ကိုယ်နဲ့ဆယ်ဟွန်း၂ယောက်ပဲရှိသည်။ချန်းယောလ်တို့သားအဖကိုလည်းခေါ်ထားတာကြောင့် အနည်းငယ်သက်သာသည်။

"ဂျုံအင်ရာ..မင်းကလည်းလာမယ့်သူတွေက သိပြီးသားသူတွေပဲဟာ..ဘာလို့အဲ့လောက်ပြင်ဆင်နေရတာလဲ"

"ဟ..အခုသူကငါ့ယောက္ခမလောင်းဖြစ်နေပြီလေ.."

"အေးပါကွာ..မင်းပဲကဲကဲသဲသဲဖြစ်နေတာ..ဆယ်ဟွန်းကတော့အေးဆေးပဲ"

"သူကအေးဆေးဖြစ်နေတာမဟုတ်ဘူးဟေ့..စိတ်လှုပ်ရှားနေလို့ ငြိမ်ကုပ်နေတာ.."

"သြော်... "

"ဆယ်ဟွန်း..ဘာလို့သန့်ရှင်းရေးလုပ်နေရတာလဲဟင်.."

"ငါ့အမေလာမှာတဲ့..အဲ့တာကြောင့်"

"ဘာ.. မင်းအမေ ဟုတ်လား"

"ဟုတ်တယ်"

"ငါ့တောင်မင်းဘာမှမပြောဘူးနော်.."

"ငါလည်းဟိုနေ့ကမှdaddyပြောလို့သိတာ.."

"အေးပါ..မင်းအမေကမင်းကိုပြန်ခေါ်သွားရင်ဘယ်လိုလုပ်မလဲ"

"daddyကပြောတယ်..ငါ့ကိုသူပဲခေါ်ထားမှာတဲ့"

"အေးပါကွာ..မင်းအမေလာတာကို ငါနဲ့papaကသန့်ရှင်းရေးလာလုပ်နေရတယ်လို့.."

"ငါ့daddyရောငါပါလုပ်နေရတာပါနော်..မင်းတို့ပဲမဟုတ်ဘူး ဟျွန်းနီ..ဟွန်း"

"အေးပါကွာ..ဒါနဲ့မင်းအမေကဘယ်သူလဲ"

"မသိဘူးလေ..ဒီနေ့မှတွေ့ရမှာ"

"သြော်...ဟိုတစ်နေ့ကငါတို့ကျောင်းရှေ့မှာမင်းကိုလာနှုတ်ဆက်တဲ့အန်တီကြီးတော့မဟုတ်ပါဘူးနော်"

"ဟင့်အင်း မဖြစ်နိုင်ဘူး"

"ခဏနေသိရတော့မှာပေါ့..မင်းအမေဘယ်သူလဲဆိုတာ"

"အေးပေါ့"

"ဟေ့ကောင်..ဆယ်ဟွန်း ကားသံကြားတယ် လာပြီလားမသိဘူး.."

"ဟုတ်လား..အဲ့တာဆိုအပေါ်တက်နေရမယ်"

"ဘာလို့လဲကွ..သွားမကြိုဘူးလား.."

Am I Your Son Or Boyfriend???Where stories live. Discover now