"အွန်းးး"
ဆယ်ဟွန်း မနက်ကျောင်းသွားရန်နိုးထလာခဲ့သည်။ ထို့နောက်ဘေးမှနေရာအားကြည့်လိုက်တော့ အလွတ်ကြီးသာတွေ့ရသည်။Daddyကအိပ်ယာထသွားပြီလား..သူလည်းရေချိုးခန်းထဲဝင်ကာ မျက်နှာသစ်ပြီး မုန့်စားရန် အောက်ထပ်သို့ဆင်းလာခဲ့သည်။အောက်ထပ်ရောက်တော့ ဧည့်ခန်းမှာသန့်ရှင်းရေးလုပ်နေတဲ့ အဒေါ်ကြီး...အခုသူတို့အိမ်မှာ အဒေါ်ကြီးတစ်ယောက်နဲ့ ခြံစောင့်ဦးလေးကြီးသာရှိတော့သည်။
"အယ်..ဆယ်ဟွန်းလေး နိုးပြီလား..ဂျုံအင်ကတော့ ထမင်းစားခန်းထဲမှာ..."
"ဟုတ်ကဲ့ ကျွန်တော် မုန့်စားမလို့"
"အဒေါ်ကြီးလုပ်ပေးမယ်လေ "
"ရတယ် အဒေါ်ကြီး..ကျွန်တော့်ဘာသာထည့်စားလိုက်မယ်"
"အေးကွယ် "
"daddy"
"ဟွန်းငယ် နိုးပြီလား မုန့်စားတော့မလို့လား"
"ဟုတ်တယ် daddy ပြီးရင် ကျောင်းလိုက်ပို့မှာလားဟင်"
"daddyခွင့်တိုင်ထားတယ် ဟွန်းငယ်"
"ဟင်..ဘာလို့လဲ"
"ဒီဒဏ်ရာတွေနဲ့ ကျောင်းဘယ်လိုသွားမလဲ အိမ်မှာပဲနားနေ"
"ဟုတ်...baekhyun ကရော"
"သူလည်းခွင့်တိုင်ထားတယ်တဲ့"
"ဟုတ်"
"daddyပြီးရင် သွားစရာရှိတယ် ဟွန်းငယ် အိမ်မှာ ပဲနေနော် daddyအမြန်ပြန်လာခဲ့မယ်"
"ဟုတ်.."
"daddy စားပြီးပြီ ဟွန်းငယ် အေးဆေးစားနော် daddyသွားတော့မယ်"
"ဟုတ် ဂရုစိုက်သွားပါ"
ဂျုံအင် မနက်စာစားပြီးသူ့အစ်ကိုအိမ်သို့ထွက်လာလိုက်သည်။
"ဂျုံအင် ဒီနေ့အလုပ်မသွားဘူးလား အိမ်ကိုဘာကိစ္စရှိလို့လဲ"
"အစ်ကိုဂျွန်...ကျွန်တော် အစ်ကိုနဲ့ပြောစရာရှိလို့"
"လာ..အိမ်ထဲဝင် ...ဘာစားလာပြီးပြီလဲ"
"ထမင်းစားလာတယ်"
"ကော်ဖီသောက်မလား"
"မသောက်တော့ဘူးအစ်ကို.."
YOU ARE READING
Am I Your Son Or Boyfriend???
أدب الهواة[Both Zawgyi&Unicode] [Start Date-22.6.2022] [End Date-22.7.2022]