"တောက်...! "
ကျယ်လောင်တဲ့ တောက်ခေါက်သံတစ်ခုဟာ အစည်းအဝေးခန်းမထဲပေါ်ထွက်လာသည့်အခါ အရှေ့မှာတင်ဆက်နေတဲ့လူ ဘာဆက်လုပ်ရမလဲမသိဖြစ်ကာ မျက်ခုံးတွေတွန့်ချိုးထားသည့် ရှောင်းကျန့်ကို လှမ်းကြည့်လိုက်သည်။ ရှောင်းကျန့်က တင်ဆက်သူကိုကြည့်နေခြင်းမဟုတ်ဘဲ လက်ထဲကဖုန်းကို မမှိတ်မသုန်စိုက်ကြည့်နေတာဖြစ်သည်။
ကျောင်းမှာ Presentation ရှိလို့ဆိုပြီး မနက်ကတည်းက အလိုက်သတိနဲ့မခေါ်ဘဲနေ နေတာ။ အခုနေ့လယ် ၁၂ ကျော်နေပြီ။ အစည်းအဝေးခန်းထဲဝင်မလာခင်ကတည်းက ခေါ်နေတဲ့သူ့ဖုန်းကို အခုချိန်ထိပြန်မဖြေသေးတာဘာဖြစ်လို့လဲ။ ဖုန်းပိတ်ထားတာလည်းမဟုတ်ဘဲ သူ့ဖုန်းကိုတမင်သပ်သပ်မဖြေတာ။
တစ်ရက်ကို သုံးခေါက်လောက်ပဲဖုန်းဆက်တာတောင်မဖြေနိုင်ရအောင်ဘာများဖြစ်နေတာလဲ။နောက်ယောင်ခံလိုက်သူ မလွှတ်ထားတော့တာနဲ့ ဒီလိုတွေဖြစ်လာတော့တာပဲ။
"ရပြီ အစည်းအဝေးကိုမနက်ဖြန်မှ ဆက်လုပ်မယ်..."
ဝန်ထမ်းတွေကို အစည်းအဝေးခန်းတွင်းမှ လွှတ်ပေးလိုက်ပြီးနောက် ရမ့်ကို ရှောင်းကျန့်ကြည့်ကာ...
"ငါ့ကို တို့ကောင်လေးရဲ့ ကျောင်းကို လိုက်ပို့ပေး..."
______________ _____________Presentation မှာ အဖွဲ့နဲ့လုပ်ရသည့်ကိစ္စဖြစ်တာကြောင့် တင်ဆက်မှုအပြီးမှာ ဝမ်ရိပေါ်တို့အဖွဲ့လူမှုရေးအရကျောင်းဘေးနားရှိကော်ဖီဆိုင်တစ်ခုတွင် ဝိုင်းဖွဲ့စားသောက်ကြမည်ဖြစ်ရာ ထိုနေရာကိုရောက်ရှိလို့နေ၏။
အဖွဲ့ထဲတွင် စုစုပေါင်းလူခြောက်ယောက်ရှိပြီး ယောကျာ်းလေးသုံးယောက် မိန်းကလေး သုံးယောက်ပါရှိ၏။ ဆိုင်အတွင်းရောက်သည့်အခါ မှာစရာရှိတာ မှာကြပြီး အစားအသောက်များစောင့်ဆိုင်းလို့နေကြစဉ် ဝမ်ရိပေါ်သူ့ဖုန်းကို ခဏကြည့်လိုက်သည့်အခါ missed call ပေါင်းများစွာကိုတွေ့လိုက်ရသည်မလို့ ရင်ထဲထိတ်သွားရ၏။ Missed call တွေအားလုံးက ရှောင်းကျန့်တစ်ယောက်တည်းဆီက။
Presentation ရှိတာကြောင့် ဖုန်းကို slient လုပ်ထားတာ presentation ပြီးသွားသည့်အခါ ဆရာနဲ့တွေ့ရတဲ့ကိစ္စလေးတွေ နဲ့ရှုပ်နေတာဖြစ်၍အသံပြန်ဖွင့်ဖို့မေ့လျော့နေခဲ့တာဖြစ်သည်။ ဝမ်ရိပေါ် ရှောင်းကျန့်ဆီသို့ ဖုန်းဆက်ရန် ကော်ဖီဆိုင်အပြင်သို့ထွက်ဖို့လုပ်နေရင်း ဆိုင်အလယ်လောက်အရောက်တွင်တော့ သူ့ကိုကြည့်နေသည့်ရှောင်းကျန့်ကိုတွေ့၏။
![](https://img.wattpad.com/cover/312872377-288-k681288.jpg)
BẠN ĐANG ĐỌC
Healing A Broken Soul
Fanfictionဒီကမ္ဘာပေါ်မှာလေ ဖြစ်တည်မှုတိုင်းကချစ်စရာကောင်းတယ်ဗျ။ Cover Photo Crd: