ခင်ပွန်းဖြစ်သူ ထားရှိခဲ့သည့် ရှောင်းလုပ်ငန်းစုကို ဟွမ်မေရင်ကလွဲ၍ ဦးဆောင်မည့်သူမရှိ။ သူနဲ့ရွယ်တူတန်းတူတွေက ဘုရားတရားတွေလုပ်ပြီး ပင်စင်တွေစားနေပြီဖြစ်သည့်တိုင် ဟွမ်မေရင်ကတော့ အေးဆေးနေလို့မရသေး။
လွန်ခဲ့တဲ့ ၃ နှစ်တုန်းက ချွေးမဖြစ်သူက ဆုံးပါးသွားတာဖြစ်ပြီး သားဖြစ်သူကလည်း နှစ်ရှည်ထောင်ဒဏ်စံစားနေရသည့်အပြင် အကျဉ်းထောင်ထဲမှာ ကျန်းမာရေးတော်တော်မကောင်းဖြစ်နေတာဖြစ်သည်။
မြေးဖြစ်သူကလည်း ၁၇ နှစ်ပဲရှိသေးတာကြောင့် ဟွမ်မေရင်ဘာမှကိုလုပ်လို့ကိုမရ။ အဲ့တော့ အရွယ်ပင်လွန်နေပြီဖြစ်လင့်ကစား တတ်နိုင်သမျှ ဆက်လုပ်နေရခြင်းဖြစ်၏။တော်သေး၍ လုပ်ငန်းတွဲလုပ်ဖော်တွေက သူတို့ ရှောင်းလုပ်ငန်းစုစတင်တည်ထောင်ခဲ့ကတည်းက အတူတကွ သစ္စာရှိရှိလက်တွဲလုပ်လာသူများဖြစ်၍သာ။
အခုတော့ ကျောင်းအုပ်ဆရာကြီးက ရှောင်းကျန့်၏ အုပ်ထိန်းသူနှင့် တွေ့ချင်ပါသည် ဆိုသောကြောင့်သူ့အနေနဲ့လုပ်ငန်းအစည်းအဝေးလုပ်နေရင်း အပြေးအလွှားထလာရသည်။ သူ့မြေးက ကျောင်းကလုပ်တဲ့လေ့လာရေးခရီးကိုလိုက်သွားတာဖြစ်ပြီး အိမ်တောင်ပြန်မရောက်ခင် တိုင်စာကအရင်ဆုံးရောက်လာခဲ့ပြီဖြစ်သည်။
"ထိုင်ပါခင်ဗျ..."
ဟွမ်မေရင် ရောက်လာသည့်အခါ ကျောင်းအုပ်ကြီးက ပျူငှာစွာကြိုဆိုလိုက်သည်။ သူတို့ကျောင်း၏ ရန်ပုံငွေကိုပင်မထောက်ပံ့နေသူတစ်ဦးဖြစ်သည့် ဟွမ်မေရင်ကို ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများက တလေးတစားဆက်ဆံသည်။ ငွေရှင်ကြေးရှင်ဖြစ်ခြင်းကြောင့်မဟုတ်ဘဲ မောက်မာထောင်လွှားခြင်းအလျင်းမရှိသော ဂုဏ်ပုဒ် ကြောင့် ဒီတိုင်းလေးစားကြခြင်းဖြစ်သည်။
ကျောင်းအုပ်ကြီးအနေနဲ့လည်း အသက် ၇၀ ဝန်းကျင် အမယ်အိုတစ်ယောက်ကို စိတ်သောကတွေမပေးချင်သော်ငြားလည်း ယခုကိစ္စက မခေါ်မဖြစ်ကိစ္စဖြစ်နေတာကြောင့်ပင်။ကျောင်းအုပ်ကြီး ဘယ်ကစပြောရမည်မသိဖြစ်နေတာကြောင့် ဟွမ်မေရင်ကပင် စကားကြောင်းပေးလိုက်သည်။

ŞİMDİ OKUDUĞUN
Healing A Broken Soul
Hayran Kurguဒီကမ္ဘာပေါ်မှာလေ ဖြစ်တည်မှုတိုင်းကချစ်စရာကောင်းတယ်ဗျ။ Cover Photo Crd: