"မငိုပါနဲ့သားရယ်..."
အိပ်ရာထက်လှဲကာ မျက်နှာပေါ်လက်တင်ပြီးရှိုက်ရှိုက်ငိုနေသည့် ဝမ်ရိပေါ်ကို ဝမ်ပါးနှစ်သိမ့်စကားပြောလိုက်သည်။ ရှောင်းကျန့်ပျောက်နေတာ သုံးရက်ရှိနေပြီဖြစ်သော်လည်း ပြန်ရှာလို့မတွေ့သေးတာကြောင့် ဝမ်ရိပေါ်ငိုနေတာသုံးရက်လုံးလုံးပင်။
ဖုန်းပြောနေရင်းတောင် စိုးရိမ်ရတဲ့အခြေအနေဖြစ်နေတာကြောင့် ဝမ်ပါးတစ်ယောက်သားဖြစ်သူကိုစိတ်မချနိုင်စွာ ဘေကျင်းထိရောက်လာခြင်းဖြစ်သည်။ ဝမ်မားလည်းလိုက်ခဲ့ချင်ပေမယ့် ကျန်ခဲ့တဲ့စက်ရုံလုပ်ငန်းတွေအတွက် တစ်ယောက်ယောက်ကတော့ ရှိနေရဦးမှာဖြစ်၍နေခဲ့ခြင်းဖြစ်သည်။
"ပါး~~ရှောင်းကျန့်တစ်ခုခုဖြစ်နေရင် ဘယ်လိုလုပ်မှာလဲဟင်~~"
"ဘာမှမဖြစ်ပါဘူး...သားရှောင်းကျန့်က ကိုယ့်ကိုကိုယ်ကာကွယ်တတ်ပါတယ်...သူ့ကိုဘယ်သူကထိရဲမှာလဲ သားလည်းသိတာပဲကို..."
"မတော်တဆ တစ်ခုခုဖြစ်လို့ ဆေးရုံတွေဘာတွေရောက်နေတာဆိုရင်ရော~~ကျွန်တော်ဘယ်လိုမှ မခံစားနိုင်ဘူး~~"
"မဟုတ်ပါဘူးကွယ်..."
"သူတကယ် ပါးတို့ဆီရောက်မလာဘူးဆိုတာ အမှန်ပဲလား~~"
"ပါးတို့က သားကိုလိမ်စရာလားကွယ်..."
အိပ်ရာထဲမှာ လူးလိမ့်နေအောင် ငိုနေသည့် ဝမ်ရိပေါ်ကို ဝမ်ပါး အသာလေးဆွဲထူထိုင်စေလိုက်ပြီး မျက်နှာထက်က မျက်ရည်တွေကို သုတ်ပေးလိုက်သည်။ ဒါတောင်တစ်လှိမ့်ချင်းစီးနေဆဲဖြစ်သည့် မျက်ရည်တွေကြောင့် ဝမ်ပါးသက်ပြင်းချကာ သားဖြစ်သူကိုရင်ခွင်ထဲထည့်ထားလိုက်သည်။
သားဖြစ်သူခံစားနေရတာမြင်ရတော့စိတ်မကောင်းဖြစ်မိသည်။ သားအရင်းဖြစ်သူကလည်း မျက်ရည်လည်ရွဲ၊ နောက်သားတစ်ယောက်ဖြစ်တဲ့ သားရှောင်းကျန့်ကလည်း ပျောက်နေတယ်(အင်း...ပျောက်နေတယ်ပဲထားပါတော့)ဆိုတော့သူလည်းဘယ်စိတ်ကောင်းပါ့မလဲ။
ရင်ခွင်ထဲက ဝမ်ရိပေါ်ကို ဝမ်ပါးငုံ့ကြည့်ရင်း...
"သား...အစားလေးဘာလေးစားရအောင်လေ...တစ်နေကုန်ဘာမှမစားရသေးဘူးမလား..."
BẠN ĐANG ĐỌC
Healing A Broken Soul
Fanfictionဒီကမ္ဘာပေါ်မှာလေ ဖြစ်တည်မှုတိုင်းကချစ်စရာကောင်းတယ်ဗျ။ Cover Photo Crd: