ဒီနေ့မနက်မှာ ကိုယ့်မျက်လုံးကိုယ်မယုံနိုင်တဲ့သူက ဒါနဲ့ဆိုနှစ်ယောက်မြောက်။
ဝမ်ပါး၊ ဝမ်မား၏ အလယ်မှာ ဟင်းချိုင့်အကြီးကြီးကိုကိုင်ဆွဲပြီး ဘုန်းတော်ကြီးကျောင်းအတွင်းဝင်လာသည့် ဝမ်ရိပေါ်က သူ့မျက်လုံးများကို လက်တစ်ဖက်ဖြင့်ပွတ်သပ်ပြီး အရှေ့ကမြင်ကွင်းကို ကြည့်နေသည်။
အဘွားဟွမ်နဲ့ လက်ဖက်ရည်အတူထိုင်သောက်နေတာက ရှောင်းကျန့်မလား။ သူ့အနေနဲ့တစ်ပတ်လောက်မတွေ့ရတဲ့အခါ လွမ်းလွန်းလို့မြင်ယောင်နေတာလား။ ဝမ်ရိပေါ်မယုံနိုင်သည့်အခါ အဘွားဟွမ်နဲ့ထိုင်နေသည့် ရှောင်းကျန့်ရှေ့ မတ်တပ်သွားရပ်လိုက်ပြီး...
"တောကြိုအုံကြားထဲ ဘာလာလုပ်တာလဲ ရှောင်းကျန့်..."
"ငါ့အဘွားကို လာလည်တာလေ..."
မျက်ခုံးတွေကို တွန့်ချိုးပြီး ခပ်ဆတ်ဆတ်လေသံနဲ့ပြန်ထူးလိုက်မှပဲ ရှောင်းကျန့်အစစ်အမှန်ဆိုတာဝမ်ရိပေါ်လက်ခံနိုင်သွား၏။ထို့အပြင်တထစ်ချယုံကြည်လိုက်တာက။ရှောင်းကျန့်က အဘွားဟွမ်ကိုလာလည်တာမဟုတ်ဘူး။ သူ့ကိုလာလည်တာ။အလုပ်တွေကို ရမ်နဲ့ပစ်ထားပြီး သူ့ကိုလာလည်တာနေမှာ။
"ဒါအဒေါ့်မြေးလေးလား...အချောလေးပါလားကွယ်..."
ရှောင်းကျန့်ကို အခုမှမြင်ဖူးသည့် ဝမ်မားက သားလှရတနာတစ်ယောက်ကိုကြည့်နေသလို ကြည့်မဝအောင်ဖြစ်ရသည်။ ရှောင်းကျန့်နံဘေးတွင်ကပ်ထိုင်လိုက်ပြီး လက်လေးတစ်ဖက်ကို နူးညံ့စွာဆုပ်ကိုင်ပွတ်သပ်ပေးလိုက်ရင်းသူတို့ယူလာသည့် အချိုပွဲတွေထဲကမုန့်လေးတစ်ခုကိုကိုင်ကာ...
"သား ရော့...စားလိုက်ပါဦး..."
စိမ်းသက်နေသော အခေါ်အဝေါ်တစ်ခုကြောင့် ရှောင်းကျန့်နားမလည်စွာ သူ့အဘွားမျက်နှာကိုကြည့်လိုက်သည်။
"ဘာဖြစ်လို့လဲ မြေးလေး..."
"ဟိုကောင်လေး အမေက ဘာလို့သားလို့ခေါ်တာလဲ..."
"မြေးလေးကို ချစ်လို့ပေါ့..."
"ဘာလို့ချစ်တာလဲ..."
"မြေးလေးက ချစ်စရာကောင်းလို့ပေါ့..."
ဟွမ်မေရင်ရှင်းပြတော့ ရှောင်းကျန့် ကျေနပ်စွာမဆိုသလောက်လေးပြုံးလိုက်ပြီး ဝမ်မားကမ်းပေးသည့်မုန့်ကိုယူစားသည်။
![](https://img.wattpad.com/cover/312872377-288-k681288.jpg)
VOUS LISEZ
Healing A Broken Soul
Fanfictionဒီကမ္ဘာပေါ်မှာလေ ဖြစ်တည်မှုတိုင်းကချစ်စရာကောင်းတယ်ဗျ။ Cover Photo Crd: