ရှောင်းအိမ်ဝန်းထဲ ဝမ်ရိပေါ်ရောက်လာတော့ အလုပ်သမားတွေအကုန်လုံးနှုတ်ဆက်ကြသည်။ ခဏတာလေးနေထိုင်သွားခဲ့ပေမယ့် လူမှုရေးနားလည်ကာလိမ္မာရေးခြားရှိသည့် ဝမ်ရိပေါ်ကို အားလုံးသတိတရရှိကြသည်။
ဝမ်ရိပေါ်လာခေါ်မည်ဆို၍ ရှောင်းကျန့်တစ်ယောက် ဧည့်ခန်းမှာရမ်နှင့်အတူထိုင်စောင့်နေ၏။လူခေါ်ဘဲလ်သံကြားသည့်အခါ ရမ် တံခါးထဖွင့်ပေးလိုက်တော့ တံခါးအပြင်ဘက်တွင်ဝမ်ရိပေါ်ရောက်လို့နေပြီဖြစ်၏။ ရှောင်းကျန့်လည်း ထိုင်နေရာမှထလာကာ...
"သွားရအောင် ရမ်..."
ဝမ်ရိပေါ် စိတ်ထဲနည်းနည်းမရှင်းဖြစ်သွားတာကြောင့်ရှောင်းကျန့်ဘက်သို့ကြည့်ပြီး...
"ရှောင်းကျန့်က ရမ်ကို ဘာလုပ်မလို့ခေါ်နေတာလဲ..."
"ကားမောင်းခိုင်းမလို့လေ..."
"မလိုဘူးလေ..."
"ဟိုကောင်လေးက ကားမောင်းမှာလား...ငါက လူတကာမောင်းတဲ့ကားကို စီးတတ်တာမဟုတ်ဘူး..."
"ကားလည်းမလိုဘူးလေ..."
ဝမ်ရိပေါ် စကားကြောင့် ရှောင်းကျန့် စိတ်ရှုပ်ထွေးသွားရကာ...
"ရမ့်ကိုလည်းမခေါ်ရဘူး...အိမ်ကကားနဲ့လည်းမသွားရဘူးဆိုတော့ ငါတို့က ဈာန်နဲ့ကြွကြမှာလား...ကြိုပြောထားမယ်နော် ငါ့မှာအတောင်ပံမပါလို့ ပျံသွားလို့တော့မရဘူး..."
"ကျွန်တော့်မှာလည်း တောင်ပံမပါပါဘူး...ပြီးတော့ ပိုက်ဆံအိတ်တွေဘာတွေအကုန်ချန်ထား ဒီနေ့ကုန်ကျတာတွေကို ကျွန်တော်အကုန်ရှင်းပေးမှာ...ကျွန်တော့်ကျောပိုးအိတ်ထဲမှာ ရှောင်းကျန့်လိုအပ်မယ်ထင်တဲ့ဟာတွေအကုန်ပါတယ်...ရေဘူးတွေရော...ပူမှာစိုးလို့ပန်ကာအသေးလေးရော...အဲ့တာကြောင့် ရှောင်းကျန့်က ဒီတိုင်းပဲလိုက်ခဲ့"
အိမ်က ကားနဲ့မဟုတ်လည်း သွားချင်တဲ့နေရာကို တခြားနည်းနဲ့သွားလို့ရကြောင်း သိစေချင်တာကြောင့် သူဌေးရပ်ကွက်တွေနဲ့ အတော်အလှမ်းဝေးသည့် ဘတ်စ်ကားမှတ်တိုင်အထိ ရှောင်းကျန့်ကို ဝမ်ရိပေါ်ခေါ်လာခဲ့သည်။ရှောင်းကျန့်ညည်းညူနေတာကိုသိပေမယ့် မသိသလိုနေလိုက်ပြီး ဘတ်စ်ကားအလာကိုစောင့်သည်။

ESTÁS LEYENDO
Healing A Broken Soul
Fanficဒီကမ္ဘာပေါ်မှာလေ ဖြစ်တည်မှုတိုင်းကချစ်စရာကောင်းတယ်ဗျ။ Cover Photo Crd: