unicode
.
.
.နာမည်ကြီး စားသောက်ဆိုင်တစ်ခုရှေ့ ကားရပ်လိုက်တယ်ဆိုရင်ပဲ ဆိုင်ထဲက ခပ်လှလှမိန်းကလေးတစ်ယောက်ဟာ ခြေလှမ်းသွက်သွက်တွေနဲ့ထွက်လာတယ်။
ထိုမိန်းကလေး ကားထဲရောက်လာတော့ ရှောင်းကျန့် ပြုံးပြလိုက်ပီး
"စောင့်ရတာ ကြာသွားလား ဖေးဖေး "
ဖေးဖေး ဆိုတဲ့ သူမ က ရှောင်းကျန့် နဲ့ အတူကြီးပြင်းခဲ့တဲ့ ငယ်ချစ်ဦးဆိုလဲမမှားဘူး ။
ရှောင်းကျန့် အဖေ ဆုံးပါးသွားစဥ် က အမေ နဲ့ အဘွား နဲ့ ရှောင်းကျန့် သာ ကျန်ရှိတယ်။
အဘွား နဲ့ အမေ နဲ့ ရှောင်းကျန့် သာ ဘဝတစ်ခုမို့ ရှောင်းကျန့် က စီးပွားရေးလောကထဲစ အခြေချခဲ့တယ်။ငယ်ရွယ်လွန်းတဲ့ ရှောင်းကျန့် ကို ဖေးဖေး အဖေ က သာ သင်ပြခဲ့တယ်။
ဒါကြောင့် ရှောင်းကျန့် အတွက် အသင့်တော်ဆုံး အိမ်ထောင်ဖက် က ယွန့်ဖေးဖေး ပဲ ဖြစ်နိုင်တယ်။
ဖေးဖေး ကလဲ ရှောင်းကျန့် နည်းတူ စီးပွားရေးလောကမှာ နာမည်ရသူဖြစ်တယ်။"ရှင် နဲ့တွေ့ရမှာပဲ စောင့်ရလဲ တန်ပါတယ် "
"ကိုယ် လဲ အလုပ်ပီးပီးချင်းထွက်လာလိုက်တာ "
"အင်းပါ ဖေး နားလည်တယ် "
ဖေးဖေး ကိုသဘောကျရတဲ့အချက်တွေထဲမှာ ကလေးဆန်ဆန်အရစ်မတတ်တာတွေ လဲပါတယ်။
ရှောင်းကျန့် အိတ်ထဲက စတော်ဘယ်ရီဗူး လေးထုတ်ပီး ဖေးဖေးထံကမ်းပေးလိုက်တယ်။
"ဖေး အတွက် "
"ကျေးဇူးပဲ ရှောင်းကျန့်
ဖေး အကြိုက်တွေဘယ်တော့မှမေ့မသွားတာကြောင့် ဖေး က ပိုစွဲလန်းနေရတာ "ရှောင်းကျန့် ပြုံးနေရင်း ကားစမောင်းထွက်လာတယ်။
"အိမ်ပဲပြန်မယ်မလား "
ရှောင်းကျန့် အမေးမှာ ဖေးဖေး အပြုံးတွေမှိန်သွားသလိုရှိပေမယ့်
"အင်း အချိန်လဲမစောတော့ဘူးလေ"
"နောက်မှ ညစာအတူစားမယ်နော် "
" ပီးရောနော် "
စိတ်ကောက်ချင်သလိုဖြစ်သွားပေမယ့် စိတ်မကောက်ရဲတဲ့ ဖေးဖေးကို အိမ်ရှေ့ရောက်တဲ့ အခါ ရှောင်းကျန့် နမ်းရင်းချော့လိုက်တယ်။
YOU ARE READING
Good bye My Prince