6

808 79 3
                                    

unicode
.
.
.
.
.

အိမ်ရှေ့ကားထိုးရပ်လာတဲ့ အကို ဟာ ရိပေါ် ကိုစကားတခွန်းမှမဆိုပဲ ငြိမ်သက်နေတယ်။
ကားထဲဝင်ထိုင်ပီး အကို့ မျက်နှာကိုငေးလိုက်တော့ အကို က စိတ်ရှုပ်နေသလိုမျက်နှာလေး နဲ့ မသာမယာဖြစ်နေတော့တယ်။
ဒါတောင် အကို ဟာချောနေတုန်းပဲ ။

အကို စိတ်ရှုပ်နေတာကိုရိပ်မိတဲ့ ရိပေါ်လေး က ငြိမ်ငြိမ်လေးနေပီး ကားမှန်အပြင်ကိုသာ ငေးနေတော့တယ်။

မနေ့ညက အဖြစ်အပျက်သာ ရိပေါ် ပြန်မြင်ယောင်နေတယ်။
အကို ဘယ်လိုရည်ရွယ်ချက်နဲ့ အဲ့လိုလုပ်ခဲ့သလဲ ။

အကို နဲ့ရိပေါ် ရဲ့ပက်သက်မှုက ဘယ်လိုမို့လို့ အကို ကအဲ့လို ပြောတာလဲ

" ည ကအိပ်မရဘူးလား ရိပေါ် "

အကို့ မေးခွန်းက တိတ်ဆိတ်ခြင်းကို ဖြိုခွဲ လိုက်တယ်။
ရိပေါ် အကို့ ကိုလှည့်ကြည့်လိုက်ပီး

"ဟုတ်... "

အကို နဲ့ ဆုံတွေ့ပီးထဲက အိပ်လို့ ရသည်ဖြစ်စေ ၊ အိပ်လို့မရသည်ဖြစ်စေ အိပ်ဆေးဗူး ကို မေ့ထားခဲ့တယ်။

အကို့ ဘက်က တိတ်ဆိတ်သွားပြန်တော့ ရိပေါ် အပြင်ကိုသာပြန်ငေးနေတယ်။

ကားလေးကတရွေ့ရွေ့သွားနေတယ်။
ရိပေါ် နှလုံးသားလေး က တဒိတ်ဒိတ်ခုန်နေတယ်။

ရိုက်ကွင်းရှေ့ကားရပ်လိုက်တယ်ဆိုရင်ပဲ ရိပေါ် ခါးပတ်ဖြုတ်နေတယ် ။
ကားပေါ်ကဆင်းကာနီးမှ တစုံတခုကိုသတိရတော့ အကို့ဘက်ပြန်လှည့်ကြည့်လိုက်ပီး

" ည Sence ရိုက်ရမှာမို့ မိုးချုပ်မယ် အကို "

ရိပေါ် ပြောတော့ အကို က ခေါင်းငြိတ်ပြတယ်။

" ဝမ်ရိပေါ် ငါမင်းကိုစောင့်နေတာ "

ကားပေါ် က ဆင်းလိုက်ခြင်းမှာပဲ ရန်လီယို ရဲ့ ကျယ်လောင်တဲ့အသံကြားလိုက်ရပီး ရန်လီယို က ရယ်ပြနေတယ် ။
ဘာရယ် မဟုတ် အကို့ကိုပြန်ကြည့်မိတော့ အကို့ မျက်နှာက စောစောကထက်ပို စိတ်ရှုပ်သွားတဲ့ပုံ ပဲ ။

.
.
.
.
.
.

" ဖေး လဲ လက်မထပ်ချင်သေးပါဘူး ရှောင်းကျန့် ရယ်။
ဒါပေမယ့် ဖေဖေ ကအတင်းယူခိုင်းနေပီ
ပီးတော့ ဖေးတို့တွဲလာတာလဲ ကြာပီမလား
အသိုင်းအဝိုင်းကလဲ ခုထိမယူသေးလို့ ေမးမြန်းနေကြပီ "

Good bye My Prince Where stories live. Discover now