8

933 83 10
                                    

.
.
.
unicode

.
.
.

" ထွက်နေတဲ့ သတင်းတွေက ဘယ်လိုဖြစ်တာလဲ ရှောင်းကျန့် ဖေး ကို သေချာပြောပြစမ်းပါ "

ရှောင် အိမ်တော်အထိ ရောက်လာတဲ့ ဖေးဖေး က ရှောင်းကျန့် ပုခုံးကိုကိုင်ဆွဲပီး အော်တယ်။

မကြားသင့်တာတွေ မေမေ နဲ့ ဘွားဘွားကြားသွားမှာဆိုး၍ ရှောင်းကျန့် ဖေးဖေး လက်ကိုဆွဲပီး ခြံထဲခေါ်လာတော့ ဖေးဖေး ကအလိုက်သင့်ပါလာတယ်။

အမြဲတမ်းတည်ငြိမ်အေးချမ်းလှပနေခဲ့တဲ့ ဖေးဖေး က ဒီတခါတော့ဒေါသရှိန်ကြောင့်လားမသိ မျက်နှာလေးကရဲနေခဲ့တယ်။

" ဘယ်လိုဖြစ်တာလဲ ဖေးကိုသေချာပြောပြပါ "

" ေဖး သိတယ်မလား ကိုယ့်ကုန်တိုက် ကြော်ညာကို ဝမ်ရိပေါ် ငြင်းခဲ့တာ "

"အဲ့ဒါကြောင့် ခုလိုလုပ်တာလား
အဲ့ဒါကြောင့်ခုလိုလုပ်တယ်ဆိုပေမယ့် ဒီလောက်ဖြစ်အောင်လုပ်စရာ ဘာမှကိုမလိုတာနော်
အဲ့အကောင်နဲ့ ပလူးရလောက်အောင်ထိ ရှင်သိပ်အားသွားပီလား

လုပ်မယ်ဆိုလဲ ဝမ်ဟောက်ရွှမ်း တုန်းကလောက်ပဲလုပ်လေ"

အမြဲတမ်း ယဥ်ကျေး ဂုဏ်သရေရှိတဲ့ မိန်းကလေးကလဲ ဒီလိုအချိန်ကြ အောက်လုံးတွေထွက်လာတာပါပဲ ။

" အစကကိုယ်လဲ ဝမ်ဟောက်ရွှမ်း လောက်ပဲလုပ်ဖို့စဥ်းစားခဲ့တာ ဒါပေမယ့် ဝမ်ရိပေါ် က တကယ့်အရိပ်ကလေးနဲ့တူတယ် စိတ်ဝင်စားစရာကောင်းတဲ့ နောက်ကြောင်းရှိမှာမှန်ပေမယ့် ကိုယ် ဘာမှမသိခဲ့ရဘူး "

" ဖေး မေးတာတစ်ခုပဲဖြေပေး
ရှောင်းကျန့် နဲ့ ဝမ်ရိပေါ် တကယ်မှားခဲ့တာလား "

ရှောင်းကျန့် ကိုသေချာကြည့်ပီး မေးလာတဲ့ ဖေးဖေးကို ရှောင်းကျန့် ကြည့်ရင်း ခေါင်းခါပြလိုက်တယ်

" ကောင်းပီလေ
အခု ဝမ်ရိပေါ် ကလဲ နာမည်ကျသွားပီ အောက်ဆုံးကို ကျသွားပီမို့ ရှောင်းကျန့် ဝမ်ရိပေါ် နဲ့ထပ်တွေ့စရာမလိုတော့ဘူး "

"ကိုယ် လဲတွေ့ဖို့ စိတ်ကူးမရှိတော့ဘူး
စိတ်လျော့လိုက်တော့နော် ဖေးဖေး "

Good bye My Prince Where stories live. Discover now