9

1.5K 105 26
                                    

.unicode



.
.

ရှောင်းကျန့် ကို အတင်းငေါက်ငမ်းပီး ေရာက်လာခဲ့ရတဲ့ ဝမ်ရိပေါ် ဆိုတဲ့ ကောင်လေး အိမ်ရှေ့ရောက်တော့ ကျန့်ယဲ့ယင်း လျင်မြန်စွာပဲ ကားပေါ်ကဆင်းလိုက်တယ် ။

သူမသိပ်တွေ့ချင်နေတယ်။
သူမသား လုပ်ရပ်ကြောင့် ပြိုလဲနေတဲ့ ကလေးငယ်ကို ။
သူမ သိပ်အားပေးချင်နေတယ် ။

ခြံတံခါးထိပ်က ဘဲလ်လေးတီးဖို့ပြင်တဲ့ သူမလက်တွေ တုံ့ဆိုင်းသွားတယ်။

အိမ်နှင့်ခြံ ရောင်းမယ်

ဆိုတဲ့စာတန်းလေး က သူမကိုပြောင်ပြနေသဖွယ် ။

.
.
.

အသိပြန်ဝင်ဝင်လာခြင်း မျက်စိဖွင့်လိုက်တော့ ပထမဆုံးမြင်ရတဲ့အရာ က မျက်နှာကျက်ဖြူဖြူဖြစ်ပီး ၊ ပထမဆုံး ရတဲ့ အနံ့ကဆေးနံ့တွေဖြစ်တယ်။

မဖွင့်တာကြာပီဖြစ်တဲ့မျက်စိတို့က အလင်းရောင်ကိုမခံနိုင်တာမို့ ရိပေါ် ပြန်မှိတ်လိုက်တယ် ။
ဘယ်ဘက်လက်ကို အပ်စိုက်ထားပီးဆေးသွင်းထားတာကို ခံစားနေရတယ်။

သေချာပြန်စဥ်းစားကြည့်တော့ CEO ပြန်ကာနီး သူမူးလဲသွားခဲ့တာပဲ ။
ဘေးနားက ကျိရန်ငိုနေသံကြားမိတော့ ဒီ အကိုတချိန်လုံးငိုနေခဲ့တာလားလို့တွေးမိတယ် ။

"အကိုကျိရန်... "

ခပ်တိုးတိုးခေါ်လိုက်တဲ့ အသံအဆုံး ကျိရန် ငိုသံတိတ်သွားခဲ့ပီး ရိပေါ် လက်ကိုအတင်းဆုပ်ကိုင်လာတယ်။

"ရိပေါ် ညီလေး သတိရလာပီလား... "

ရိပေါ် မျက်စိကိုဖြေးဖြေးချင်းဖွင့်လိုက်တယ် ။

"အခုကဆေးရုံရောက်နေတာလား "

"အင်း မင်းသတိမေ့နေတာ ဒီနေ့က 3 ရက်မြောက်နေ့ပဲ ။ "

"ကျွန်တော် ဘာဖြစ်တာတဲ့လဲ "

"အားအရမ်းနည်းနေတာလို့ပြောတယ်
ပီးတော့ စိတ်ဖိစီးမှုအရမ်းများလို့ပါ တဲ့ "

"အော်"

အားအရမ်းနည်းနေတယ်ဆိုတာက ဖြစ်နိုင်တယ်။
ရိပေါ် ဟာလက်ချောင်းလေးတွေလှုပ်ဖို့တောင်ခက်ခဲနေတယ် ။
ရုတ်တရက် ကျိရန်က ရိပေါ်ကို ဖတ်ပီးရှိုက်တယ်။

Good bye My Prince Where stories live. Discover now