4

750 80 3
                                    

unicode
.
.
.
.

အကို့ ကို ကျိရန် က ကိစ္စတစ်ခုကြောင့် ခေါ်ထားတာမို့ အကို က ရိပေါ်တို့အိမ်ရောက်လာတယ်။

"ခဏလေး နော် အကို အကို ကျိရန်က ရေချိုးနေတယ်။"

ဧည့်ခန်းsofaမှာ ဇာတ်ညွှန်းကျက်နေတဲ့ ရိပေါ် ကပြောလိုက်တော့ အကို က ခေါင်းငြိတ်ပြတယ်။

ခဏလောက်ကြာတော့ ကျိရန်က လှေကားကနေဆင်းလာတယ်။

" အော် အကိုရှောင်းတောင်ရောက်နေပီပဲ "

"အငိး ကျိရန် ကိုယ့်ကို အကူအညီတောင်းစရာရှိလို့ဆို "

ကျိရန်က ရိပေါ်ဘေးကခုံမှာဝင်ထိုင်တယ်။

"ဟုတ်တယ် အကိုရှောင်းရေ
ကျွန်တော့ မေမေဆေးရုံတက်နေလို့ ပြန်ကြည့်ချင်လို့
ရိပေါ်ကို ရိုက်ကွင်း ကို အကြိုအပို့လောက်လုပ်ပေးပီး နည်းနည်း လောက် စောင့်ရှောက်ပေးပါ လို့ အကူအညီတောင်းချင်လို ့"

" အော် ရပါတယ် ကျိရန်ကလဲ ရိပေါ်ကလဲ တခြားလူမှ မဟုတ်တာ ကိုယ်လုပ်ပေးနိုင်ပါတယ်။"

"ရိပေါ် ကို ကျွန်တော် စိတ်ချမယ်နော် "

"စိတ်ချပါ ညီရဲ့ ကိုယ် တတ်နိုင်သလောက် ဂရုစိုက်ပေးမှာပါ "

အကို နဲ့နေ့တိုင်း ကားအတူစီးရမှာတွေးပီး ရိပေါ်ပျော်နေခဲ့တယ်။
ဇာတ်ညွှန်းစာအုပ်နဲ့ မျက်နှာကိုကွယ်ထားတာမို့ ရိပေါ်အပြုံးတွေကိုတော့ အကို မြင်ရမှာ မဟုတ်ဘူး ။

" ဒါနဲ့ မန်နေဂျာ ခရီးထွက်တာကို အေဂျင်စီကလူမပို့ပေးဘူးလား "

" ပို့ပေးတာပေါ့ အကိုရှောင်းရယ် ရိပေါ်က လက်မခံတာလေ
သူနဲ့တကယ်တမ်းအနီးကပ်နေဖို့က ကျွန်တော်ပဲ အဆင်ပြေမှာ
ကျွန်တော် တောင် သူ့အကိုမို့ "

" အင်း အင်း ကျိရန်စိတ်ချပါ ကိုယ်သေချာ ဂရုစိုကိမယ် "

ရိပေါ် ဇာတ်ညွှန်းစာအုပ်ချလိုက်ပီး ကျိရန် ဘက်လှည့်လိုက်တယ်

"ကျွန်တော် ကလေး မဟုတ်တော့ပါဘူး "

ကျိရန် က ရိပေါ်ကို ကြည့်လာပီး ရိပေါ် ပုခုံးကို ကိုင်တယ်။

Good bye My Prince Where stories live. Discover now