5

779 82 0
                                    

.

.
.
.

"ရှောင်းကျန့် ဖေး ကို ပြောပြစရာ တခုခု မရှိဘူးလား "

မျက်နှာချင်းဆိုင် မုန့်ထိုင်စားရင်း မေးခွန်းထုတ်လာတဲ့ ဖေးဖေးကြောင့် ရှောင်းကျန့် ဖေးဖေးကိုကြည့်လိုက်တယ်။

"ဖေးဖေး ဘာပြောချင်တာလဲ "

"အော်....ရှောင် အိမ်တော်မှာမနေပဲ တခြားနေရာမှာ နေနေတာတို့ ၊ ကောင်လေး တယောက်ကို ကားပေါ် မကြာခဏတင်သွားတာတို့လေ "

ရှောင်းကျန့် ကိုပြန်မော့ကြည့်ရင်း ပြောလာတဲ့ ဖေးဖေး ။
ရှောင်းကျန့် က ရေခွက်ယူသောက်လိုက်ပီး

"အိမ်မှာမနေတာက ကိုယ် နောက်အလုပ်တစ်ခုကြောင့်ပါ
ကောင်လေးတယောက်ကိုတင်ခေါ်သွားတယ်ဆိုတာကလဲ အဲ့ကောင်လေးနဲ့ အိမ်နီးလို့ပါ "

"ရှင် က ဘယ်တုန်းက အဲ့လောက်သဘောကောင်းသွားရတာလဲ "

"ဖေးဖေး "

"ထားပါတော့ လိုရင်းကိုပြောမယ်
အဲ့ကောင်လေး က ဝမ်ရိပေါ် မဟုတ်လား "

ရှောင်းကျန့် ဖေးဖေး ကိုကြည့်မနေတော့ပါ ။

"ဒါ ဖေး ဘက်ကဘာစိတ်နဲ့မှပြောတာ မဟုတ်ဘူးဆိုတာ ရှောင်းကျန့် ကိုသိစေချင်တယ်။
ဟောက်ရွှမ်း တုန်းကလို ထပ်မလုပ်စေချင်တော့ဘူး။ "

"ဒါက ကိုယ့်ကိစ္စလေ ဖေး "

"ေဖး ကတရားနည်းလမ်းကျကျပြောတာပါ ။
ရှောင်းကျန့် အတွက် ဘာမှမဟုတ်ပေမယ့် ကလေးတွေဘဝကတော့အဖက်ဆယ်မရတော့ဘူးလေ "

"ဒါပဲဆက်ပြောမယ်ဆို ကိုယ် ပြန်မယ် ေဖး "

ရှောင်းကျန့် ပြန်မယ်ပြောလိုက်တော့ ဖေးဖေး က စားလက်စ ခက်ရင်းကိုချကာ

"ok ok ဖေးဆက်မပြောတော့ဘူး
အဲ့ဒီအစား ရှောင်းကျန့် ဖေး နဲ့ ရုပ်ရှင်လိုက်ကြည့်ပေးရမယ် "

ဖြတ်ကနဲတွေးမိသွားတာက ကိုယ့် ကို စောင့်နေမယ့် ကောင်ကလေး ။

ဘာအရေးလဲ ။
ဖေးဖေး ကသာ အရေးအကြီးဆုံး ။
ရှောင်းကျန့် အရှေ့က ချစ်စဖွယ်အပြုံးနဲ့ ေဖးဖေး ကိုကြည့်ရင်း ခေါင်းငြိတ်ပြလိုက်တယ်။

Good bye My Prince Where stories live. Discover now