.
unicode
.
.The Moon ကုန်တိုက် ဖွင့်ပွဲ ဟာ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ စည်ကားနေတယ်။
စီးပွားရေးလုပ်ငန်းရှင်တွေ အပြင် မိန်းမငယ်လေးတစ်ချို့နဲ့
ကျောင်းသူ တစ်ချို့ကိုလဲတွေ့ရတယ် ။"ဟာ Mr.Xiao ပြောတော့ ဝမ်ရိပေါ် နဲ့ ဖွင့်ပွဲကျင်းပမယ်ဆို
ဝမ်ရိပေါ် လဲ မတွေ့မိပါလား နော်"စီးပွားရေးပြိုင်ဘက် လူဆီမှာ ခနဲ့သလို အသံကြားလိုက်ရတော့ ရှောင်းကျန့် အပြုံးမပျက်ပေမယ့် ဝိုင်ခွက်ကိုင်ထားတဲ့လက်ကတင်းကနဲဖြစ်သွားတယ်ါ
"ဝမ်ရိပေါ် က မအားလို့ပါ ။
အဲ့အတွက်လဲ ဘာမှဖြစ်မသွားပါဘူးနော်
ကျွန်တော့် Boss အောင်မြင်မှု က ဝမ်ရိပေါ် ထက်တောင်ပိုသေးတာပဲ "ရှောင်းကျန့် ကိုယ်ရံတော် က ဝင်ပြောပေမယ့် ရှောင်းကျန့် ကငြိမ်လို့သာနေတယ်။
"အော် ဟုတ်တာပေါ့ ဟုတ်တာပေါ့ Mr.Xiao ကို ဘယ်လိုလူကယှဥ်လို့ရမှာလဲ
ခွင့်ပြုပါအုံး "ထိုလူကပြောပီးထွက်သွားတယ်။
"ဝမ်ရိပေါ် လာမယ်ဆိုလို့လာတာ ကောလဟာလကြီး "
"စိတ်ပျက်စရာပဲ "
"ငါက ဝမ်ရိပေါ် ကိုတွေ့ချင်တာကို "
"ဝမ်ရိပေါ် လာမယ်လို့ဘယ်သူပြောတာလဲ ပြောတဲ့လူကိုလုပ်ချင်လိုက်တာ "
"ကျောင်းတောင်ပျက်ပီးလာတာကို "
ဘေးကကြားရတဲ့ ကျောင်းသူတွေဆီကစကားသံတွေကြောင့် ရှောင်းကျန့် အံကြိတ်လိုက်တယ်။
ငါ့ဘဝမှာ တခါမှ မလွဲချော်ဖူးတဲ့ ကမောက်ကမ ပုံစံတွေဖြစ်နေရတယ်။
ဒါတွေအားလုံး က ဝမ်ရိပေါ် ဆိုတဲ့ မင်းကြောင့်ပဲ ။
ငါမင်း ကို ဘယ်လိုနင်းချေသွားမလဲဆိုတာ မင်းစောင့်ကြည့်နေလိုက်စမ်း ဝမ်ရိပေါ် ။
.
.
.ရိပေါ် အိမ်ကိုပြန်ရောက်တော့ မှောင်ရိပ်သမ်း နေပီဖြစ်တယ်။
အက်ရှင် ခန်းတွေရိုက်ခဲ့ရတာမို့ ညောင်းညာကိုက်ခဲနေတာကြောင့် စောစောအနားယူချင်နေခဲ့ပီ။
YOU ARE READING
Good bye My Prince