Unicode
Who's bad?????
Who' will be more bad?????
******** B.A.D********
🔞 This chapter contain Adult warning parts 🔞မနီးမဝေးကွန်ဒိုတိုက်ခန်းရဲ့ ပြတင်းပေါက်နားမှာ သတင်းစာထိုင်ဖတ်နေတဲ့ အသက် ၃၅ နှစ်ဝန်းကျင် လူရွယ်တစ်ယောက်ကို မှန်ဘီလူးကတစ်ဆင့်ချိန်ရွယ်ထားပြီး လက်ညှိုးလေးက သေနတ် Trigger ပေါ်ကိုအသင့်တင်ထားတယ်။ ပစ်မှတ်တည်ငြိမ်သွားမယ့်အချိန်ကို တစ်ချက်စောင့်ရင်း. .. ပါးစပ်ကလည်း ကိန်းဂဏန်းတွေကို ရေတွက်နေမိပြန်တယ်။
"တစ်ဆယ်.... ကိုး....ရှစ်...."
ချိန်ရွယ်ထားသော ပစ်မှတ်ကပြတင်းပေါက်နားမှာထိုင်ပြီးသတင်းစာဖတ်နေရာမှ ပကတိလှုပ်ရှားမှုအနည်းငယ်ငြိမ်သွားပြီဆိုတော့မှ.....
"လေး...သုံး....နှစ်... Uno...."
"Shoot...."
သူ့လက်ညှိုးက Trigger လေးကို တစ်ချက်ဆွဲကွေးလိုက်ရုံနဲ့ ပစ်မှတ်ဆိုသည်မှာလည်း တစ်ခါတည်းခေါင်းနောက်လန်သွားပြီးငြိမ်ကျသွားတော့တယ်။
Sniper သေနတ်ရဲ့ Trigger လေးကိုလက်ညှိုးလေးနဲ့ ဆွဲကွေးလိုက်ရုံနဲ့ ပစ်မှတ်က နဖူးတည့်တည့်ကို ကျည်မှန်ပြီး ဘဝကူးသွားသလို သူ့ရဲ့ Bank Account ထဲကိုလည်း သုံးညအလုံးရေမြောက်မြားစွာနဲ့ အမြီးရှည်သော ကိန်းဂဏန်းငွေပမာဏကလည်း တန်းဝင်လာတော့တာပဲ။
ကိစ္စပြီးသွားတော့ Sniper သေနတ်ကို ဂစ်တာအိတ်ထဲထည့်သိမ်းရင်း နေရာယူထားတဲ့ တိုက်ခေါင်မိုးပေါ်ကနေ စွန့်ခွာဖို့ပြင်ရတော့၏။
ခုနကလောလောလတ်လတ် ဘဝကူးသွားတဲ့ ပစ်မှတ်က ဒီနှစ်အတွင်း တတိယမြောက် ပစ်ခဲ့ရတဲ့ခေါင်းပဲ။ သူ့ Limit က တစ်နှစ်ကို ၅ ယောက်ပဲရှင်းပေးတာ။
ကြေးစားဆိုပေမယ့် သူက လောဘမတက်,တက်ပါ။ အခုတော့ အလုပ်အပ်သူအတွက် တာဝန်ကျေပေးပြီးပြီမို့ ဂစ်တာအိတ်လေးလွယ်ပြီး ထိုနေရာကနေထွက်သွားလိုက်ပါတော့တယ်။
မိုးပြာရောင်ကောင်းကင်ကိုမော့ကြည့်လိုက်တော့ တိမ်ကင်းစင်ပြီး လှပလို့နေသည်။ ဒီရာသီဥတုနဲ့ ကိတ်မုန့်စားဖို့အသင့်တော်ဆုံးပဲ။ Latte လေးတစ်ခွက်ပါသောက်ရရင်တော့ ရှယ်ပဲပေါ့။

YOU ARE READING
B.A.D(Completed)
FanficWho's bad????? Oh Sehun : I'm only good at being bad. Kim Ni Ni : I enjoy being the bad. //SHORT STORY// SeKai/KaiHun Start - 16/7/2022 End- 8/11/2022