"မောင်"
ဆေးရုံသွားချိန်နီးနေသဖြင့် စစ်ရှိန်း အဝတ်အစားကို သန့်သန့်ပြန့်ပြန့်ဝတ်ကာ အခန်းအပြင်ထွက်ရန် ပြင်နေစဉ် ဟန်ပန် အခန်းထဲ ဝင်လာခြင်းပင်။
စစ်ရှိန်း ပြုံးလိုက်ပြီး
"ဘာလဲ မောင်ချစ်ဇနီးလေး"
စူဖြိုးဖြိုးဗိုက်ကလေးကို ဟန်ပန် လက်ဖြင့် အသာထိန်းရင်
"နေ့လည် Og ပြရမယ်နော် မောင်မေ့နေမှာစိုးလို့"
စစ်ရှိန်း ဟန်ပန် ပါးလေးအား ဖွဖွလေးနမ်းရင်း
"မောင်က မေ့စရာလား ချစ်ဇနီးကို"
"အင်းပါ မောင်ရယ်"
စစ်ရှိန်း အတွက် ဟန်ပန်က သူအတွက် နံပါတ်တစ် ဦးစားပေးရသလို အချစ်ပိုရသူလေးပင်။
သူ အတိတ်တွေက မြပိုးကိုပင် သတိမရချင်တော့ပေ။
💚💚💚"မြပိုးရုံ"
အိမ်ရှေ့မှ ခေါ်သံကြောင့် မြပိုးထွက်ကြည့်မိတော့ လမ်းထိပ်မှ ဒေါ်တူးမပင်။
"အော် အဒေါ် "
"အင်း နေ့လည် အိမ်မှာ အဝတ်လာလျှော်ပေးဦးနော် အဒေါ်စောင့်နေမယ်"
"ဟုတ်ကဲ့ အဒေါ်"
မြပိုး သား ပါးလေးကို တစ်ချက်နမ်းပြီး အကြော်ဗန်း ခေါင်းပေါ်ရွက်ကာ ဈေးရောင်းထွက်လာခဲ့ပြန်ပါပြီ
"အကြော်စုံ ပူပူလေး"
လမ်းတစ်ခုလုံး သူမ ရဲ့ အသံလေးတွေ ဆူလျှက်။
နေ့ဒဓူဝ မြပိုး သားမိဘဝ ရုန်းကန်နေရသော ဘဝကို အဘယ်သူ ကိုယ်ချင်းစာနိုင်မည်လဲ။ ဘဝလေ တကယ်ကြမ်းတမ်းသလို တကယ် ခက်ခဲလေသည်။
"ကျွီ "
အနားမှ ကားတစ်စီး ထိုးရပ်သံနှင့် အတူ ကြည့်မိတော့ စစ်ရှိန်းနောင် ၏ နောက်မိန်းမ ပင်။
ကားပေါ်က ဆင်းလာပြီး
"သြော် ဘယ်သူများလဲလို့ မောင် ရဲ့ အိမ်သူသက်ထားဇနီးမယားဟောင်းကို"
မြပိုး မျက်ဝန်းတွေက ဒေါသယောင်တောက်လျှက်။
"ရှင် နဲ့ ကျွန်မကြား ဘာစကားမှ ပြောစရာမရှိဘူး ထင်တယ် ရှင်လမ်းရှင်သွားပါ "
VOUS LISEZ
မချစ်သင့်သူ(or)မောင့်အကြွေပန်း
Roman d'amourဆရာဝန် ဖြစ်အောင် အနစ်နာခံ ပြုစုပျိုးထောင်ခဲ့တဲ့ ယောကျာ်းက ဆရာဝန် ဖြစ်တဲ့ အခါ နီတာရဲ သားငယ်ကိုပင် မငဲ့ တခြားအမျိုးသမီး တစ်ဦးနှင့် လက်ထပ်သွားလေတော့ မြပိုးရုံဆိုတဲ့ မိန်းမသား တစ်ယောက်ရဲ့ ဘဝဟာ တခုလပ်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ခက်ခဲတဲ့ ခရောင်းလမ်းကို ခြေစနင်းရ...