Ep-7

2.9K 88 0
                                    


"ဒေါက်     ဒေါက်"

"မြလေး"

သူမ အိပ်ယာထက် လှဲနေစဉ် တံခါးခေါက်သံ နှင့် အတူဒေါ်မြသက် ခေါ်သံကြောင့်

"သမီးရှိတယ် မေမေ"

"သမီး အပြင်ခဏထွက်ခဲ့ပါဦးကွယ်"

"ဟုတ်ကဲ့ မေမေ"

အခန်းအပြင်မှ လှည့်ထွက်သွားသော ဒေါ်မြသက်ရဲ့ ခြေသံကို မြပိုး ကြားလိုက်ရပါသည်။  ထိုကြောင့် အခန်းတံခါးကို အသာဖွင့်ရင်း ဧည့်ခန်းဆီ သူမ လျှောက်လာတော့ တွေ့လိုက်ရသော မျက်နှာကြောင့် မျက်ဝန်းတွေ အလိုလို မှုန်ကုတ်သွားရလေသည်။  အစ်ကို နှင့် မျက်နှာချင်းဆိုင်တွင် ငူငူကြီး ထိုင်ပြီး အစ်ကိုအား ဘာတွေပြောနေသည့် မသိလေသေည် စစ်ရှိန်းနောင်ပင်။

"ရှင် ဒီကို ဘာလာလုပ်တာလဲ  ဖြစ်နိုင်ရင် ရှင်လို လူမျိုး ဒီအိမ်ရိပ်တောင် နင်းစရာမလိုဘူး"

စစ်ရှိန်း လှမ်းကြည့်လိုက်တော့ သူတို့ အနားကို တရွေ့ရွေ့လျှောက်လာသော မြပိုး။   သူမ မျက်နှာလှလှလေးနှင့် မလိုက်အောင် မျက်နှာထားက တင်းမာလျှက်။

"မြလေး ကိုယ်လေ  မြလေး ကျေနပ်တဲ့ အထိ တောင်းပန်ဖို့ ရောက်လာတာပါကွယ်"

မျက်နှာငယ်လေးဖြင့် သူမ အရှေ့တွင် ရှိနေသော စစ်ရှိန်းနောင်အား မဲ့ပြုံးလေးဖြင့် ကြည့်ပြီး

"ရှင်ပြောခဲ့တဲ့ အောက်တန်းစားစိတ်ဓာတ် ရှိတဲ့ မိန်းမရှေ့ ဘာလို့ ဒူးထောက်မတက်လာတောင်းပန်နေတာလဲ ရှင်ရဲ့ ဂုဏ်သိက္ခာ သိပ်ကို ရှိပြီး ကြီးကျယ်ခမ်းနား လှပါတယ် ဆိုတဲ့ ဟန်ပန်သော် ဆိုတဲ့ မိန်းမဆီ သွားလေ ဘာလို့ ကျွန်မ ဆီလာတွယ်ကပ်နေတာလဲ"

မြပိုး အသံကုန်ခြစ်ကာ အော်လိုက်မိတော့ တစ်ချိန်လုံး အကဲခက်ငြိမ်သက်နေသော တခေတ် နှင့် ဒေါ်မြသက် မြပိုးဘေးရောက်လာခဲ့လေသည်။

စစ်ရှိန်း သူမအား တွေတွေကြီး ကြည့်ပြီး

"ကိုယ်တကယ်တောင်းပန်ပါတယ် ကိုယ် မင်းစေနာ မင်းမေတ္တာ မင်းရဲ့ သီးခံနားလည်မှုတွေကို တကယ် အလွှဲသုံးစားလုပ်မိပါတယ် မြလေးရယ်"

မချစ်သင့်သူ(or)မောင့်အကြွေပန်းDonde viven las historias. Descúbrelo ahora