Ep-5

2.9K 97 1
                                    

သားလေး နောင်ရိုးစစ် ၏ ၂နှစ်ပြည့် မွေးနေ့။  မြပိုး ဘဝကို စိတ်သစ်လူသစ်ဖြင့် ဖြတ်သန်းရင် ဘဝအခက်အခဲ တစ်ချို့ကို ဖြေဖျောက်ရင်း အစ်ကို နှင့် အမေ၏ မေတ္တာအရိပ်အောက်မှာပင် ခိုလှုံ့လျှက်။

ယခုဆို မိခင်တစ်ယောက်အနေဖြင့် သားကို မပူမပင်မကြောင့်ကြ ထားနိုင်ခဲ့လေပြီ။ သား၏ မွေးနေ့ကိုလည်း အခမ်းနားဆုံး မဟုတ်သော်လည်း ပျော်စရာပွဲလေးအဖြစ် သူမ ဖန်တီးနိုင်ခဲ့လေသည်။

သား၏ ၂နှစ်ပြည့် မွေးနေ့ကို အမှတ်တရရှိစေရန် ကစားကွင်းအား အစ်ကိုနှင့် အတူ ထွက်လာခဲ့လေသည်။ အစ်ကိုကတော့ သားကို ပွေ့ချီရင်း ရယ်မောပျော်ရွှင်လျှက်ပင်။

"အစ်ကို ရရဲ့လား"

နောင်ရိုး ကို ပွေ့ချီထားသော  တခေတ် သူမကို တမင်လည်ပြန် ကြည့်လိုက်ပြီး

"ဘာကိုလဲ မြပိုး"

"သားသားကို အစ်ကို တစ်လမ်းလုံး ပွေ့ချီလာတာ မညောင်းဘူးလားဟင်"

မြပိုး သိလိုစိတ်ဖြင့် မေးမိသော်လည်း သူက အပြုံးမပျက်

"မညောင်းပါဘူး  ကိုယ့်အတွက်ကတော့ ပျော်တောင် ပျော်သေးတယ်"

"အစ်ကိုရယ်"

သားကို ပွေ့ချီရင်း ပျော်မြူးစွာ လမ်းလျှောက်နေသော အစ်ကိုကြောင့် မြပိုး ဘာပြန်ပြောရမည်မှန်း မသိတော့လောက်အောင်ပင်။

ကြည်နူးပါသည်။ ပျော်ရွှင်ပါသည်။ ထိုအချိန်အခိုက်အတန့်လေးတွေက မြပိုးဘဝ၏ ပျော်ရွှင်ခြင်း အစစ်အမှန်များပင်။
                  💚💚💚

"မောင်"

"ပြောလေ ချစ်လေး"

ရင်ခွင်ထဲ အတင်းတိုးဝင် ဖတ်တွယ်လာသော ချစ်ဇနီးကို ဖွဖွလေး ပြန်ဖတ်တွယ်ရင်း  စစ်ရှိန်း မေးလိုက်ခြင်းပင်။

ဟန်ပန် မောင် ရင်အုပ်ကျယ်ကျယ်မှာ မျက်နှာအပ်ပြီး

"တကယ်လို့ မောင်နဲ့ သော် ဝေးခဲ့ကြရင်"

"အဟွန့် "

စစ်ရှိန်း ရယ်လိုက်ပြီး ဇနီးဖြစ်သူ၏ နဖူးလေးအား ဖွဖွလေး နမ်းရှိုက်ရင်း

မချစ်သင့်သူ(or)မောင့်အကြွေပန်းOnde histórias criam vida. Descubra agora