"မောင်"
ဟန်ပန်၏ ခေါ်သံကြောင့် သူ ခဏမျှကြည့်လိုက်ပြီး
"မင်း ငါ့ကို ဘာပြောစရာရှိလို့လဲ"
ဟန်ပန် မောင် မျက်နှာကို ခပ်ငေးငေးကြည့်ရင်း
"ကျွန်မ ဖြစ်ခဲ့တာ အားလုံးအတွက် တောင်းပန်ပါတယ်"
"အဟွန့်"
စစ်ရှိန်း ခနဲ့သလိုရယ်လိုက်ပြီး
"မင်း တောင်းပန်လဲ ပြီးခဲ့တာတွေက ပြန်ပြင်လို့ မရဘူးကွ မင်းက လွယ်လွယ်တောင်းပန်လိုက်ပေမယ့် ငါ့ဆိုတဲ့ ကောင်က လှည်းကျိုးထမ်းခဲ့ရတာလဲ ထည့်ပြောဦး မင်းက နွားနဖားကြိုး ထိုးလို့ဝလို့ တောင်းပန်တာ ငါ့မှာက နောင်တနဲ့ ရှင်သန်ရတော့မှာ အဲ့ဒါ မင်းသိလား"
ဟန်ပန် ခေါင်းငုံလိုက်ပြီး ပါးပြင်ပေါ်မှ မျက်ရည်တွေ တတောက်တောက်ကျရင်း
"မောင် ဟန်ပန် ဘာလိုလုပ်ပေးမှ ကျေနပ်မှာလဲ "
စစ်ရှိန်းနောင် ဟန်ပန်သော် မျက်နှာကို စေ့စေ့ကြည့်ရင်း
"မင်း ငါ့ကို ကွာရှင်းပေးနိုင်မလား"
"ဟင်"
ဟန်ပန် မျက်ဝန်းတွေ ဝိုင်းကာ သူကို အကြောင်သား ကြည့်မိလေသည့် အထိပင်။
"ဒါ ဒါတော့ မောင်"
"အဟွန့် မင်းမလုပ်နိုင်ပါဘူး "
"မောင် ကျွန်မ အသဲကို အစိမ်းလိုက်ခွဲချင်နေတာလား"
သူမ စကားကြောင့် သူ ဟက်ဟက်ပက်ပက် ရယ်လိုက်ပြီး
"မင်း သိလား အခု ငါ ပတ်ဝန်းကျင်မှာ ဘယ်လောက်အထိ ဝေဖန်ခံနေရလဲ မင်းသိလား ဟန်ပန်"
"ကျွန်မ"
"မင်း မပြောနဲ့ ငါ့ဆက်ပြောမယ် တစ်ချိန်က ငါ့ ကို သိပ်ချစ်ဖူးတဲ့ မိန်းမ တစ်ယောက်ကို ငါ့ လူမဆန်တဲ့ လုပ်ရပ်တစ်ခုနဲ့ ပစ်ထားခဲ့ရတာ ငါ့ ပတ်ဝန်းကျင်မှာ ငါ ဘယ်လောက်အရှက်ရနေပြီလဲ မင်းသိလား အခုဆို ဆေးရုံ တစ်ခုလုံးက မင်းနဲ့ လေးလွင် အကြောင်းကို သိနေတော့ ငါ့ကို နွားဆိုပြီး လက်ညှိုးဝိုင်းထိုးကုန်ကြတဲ့ အထိပဲ အဲ့ဒါ မင်းသိလား မင်းနဲ့ လေးလွင် ပြန်ပေါင်းထုတ်မယ် ဆိုရင်တောင် ငါ့ ဘဝက အသစ်က ပြန်စလို့ မရတော့ဘူး အခုချိန်မှာ မြလေးက ငါ့ကို သေလောက်အောင် စိတ်နာနေတာ မင်းသိလား"
VOCÊ ESTÁ LENDO
မချစ်သင့်သူ(or)မောင့်အကြွေပန်း
Romanceဆရာဝန် ဖြစ်အောင် အနစ်နာခံ ပြုစုပျိုးထောင်ခဲ့တဲ့ ယောကျာ်းက ဆရာဝန် ဖြစ်တဲ့ အခါ နီတာရဲ သားငယ်ကိုပင် မငဲ့ တခြားအမျိုးသမီး တစ်ဦးနှင့် လက်ထပ်သွားလေတော့ မြပိုးရုံဆိုတဲ့ မိန်းမသား တစ်ယောက်ရဲ့ ဘဝဟာ တခုလပ်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ခက်ခဲတဲ့ ခရောင်းလမ်းကို ခြေစနင်းရ...