မောင် အိမ်ပြန်မလာသည့်မှာ အခုဆို ၃ရက်ရှိခဲ့လေပြီ။
ဟန်ပန် မွေးဖွားလုနီးနီး အချိန်ပင် မောင် ပြန်ရောက်မလာခဲ့ပေ။"မောင်ရယ်"
ပါးပြင်ပေါ်သို့ မျက်ရည်ပူ တစ်စက် ကြွေကျလာခဲ့ရသည့် အထိပင်။ ဟိုအရင်ကလို မောင်အကြင်နာ မောင်နွေးထွေးမှုတွေ ပြန်လိုချင်မိပါသည်။ သို့သော်လည်း အဖြစ်အပျက် တစ်ချို့က မောင် နှင့် သူမကို အလွန်တရာ ဝေးကွာစေခဲ့ပါပြီ။
သြော်~~~မောင်ရယ်။
ညက ညည့်နက်သထက် ညည့်နက်လာခဲ့လေပြီ။ ဗိုက်ထဲက တစစ်စစ် နာကျင်မှုက ည အချိန်ရောက်လျှင် ပို၍ ဆိုးလာခဲ့လေသည်။
"အား ကျွတ် ကျွတ်"
နာကျင်မှုကို အံ့တုရင်း မောင်ထံ Ph ခေါ်လိုက်သော်လည်း မောင်က သူမph ကို မကိုင်ပေ။ ဟန်ပန် တစ်ယောက် နာကျင်လွန်းလှသည့် ဝေဒနာကို အလူးအလဲ ခံစားရင်း ရှိသမျှ အင်အားကို စုစည်းကာ အိမ်အောက်ထပ်သို့ ဆင်းလာခဲ့လေသည်။
လှေကားထစ် အဆင်းတွင်တော့
"ဒုန်း ဒုန်း ဝုန်း"
ဟူသော အသံနှင့် အတူ ဟန်ပန်သော်၏ ခန္ဓာကိုယ် လှေကားခြေရင်းသို့ အရှိန်းပြင်းပြင်းပစ်ကျသွားရလေတော့သည်
"ဟာ ဟန်လေး"
အနီးသို့ အပြေးအလွှားရောက်လာကာ ပွေ့ထူလိုက်သူက လေးလွင်ပင်။
ဒီကနေ့မှ လေးလွင် စိတ်တွေ ဘာဖြစ်တယ်ရယ် မပြောတတ်။ ဟန်ပန် ဆီသို့ လာချင်စိတ်များ ဖြစ်ပေါ်လာရသဖြင့် ဟန်ပန် အိမ်သို့ ရောက်ခဲ့ရခြင်းပင်။အိမ်ရောက်ရောက်ချင်း မြင်လိုက်ရသော် မြင်ကွင်းတွေက သူကို သွေးပျက်စေခဲ့သည့်အထိပင်။ ခန္ဓာကိုယ်အောက်ပိုင်း တစ်ခုလုံး သွေးများရဲကာဖြင့် သူမ ပုံစံက သတိလည်မလာတော့ပေ။ လေးလွင်လည်း ကြံရာမရဖြစ်ကာ အရေးပေါ်ကား အမြန်ခေါ်ကာ နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်ခဲ့ရလေသည်။
ဆေးရုံရောက်ရောက်ချင်း ဆရာဝန်များက သူကို လက်မှတ်ထိုးခိုင်းသဖြင့် အလျှင်အမြန်ထိုးပေးလိုက်ပြီး မကြာမီအချိန်တွင် ခွဲစိတ်ခန်းမှ ဆရာဝန် တစ်ယောက်ထွက်လာကာ
أنت تقرأ
မချစ်သင့်သူ(or)မောင့်အကြွေပန်း
عاطفيةဆရာဝန် ဖြစ်အောင် အနစ်နာခံ ပြုစုပျိုးထောင်ခဲ့တဲ့ ယောကျာ်းက ဆရာဝန် ဖြစ်တဲ့ အခါ နီတာရဲ သားငယ်ကိုပင် မငဲ့ တခြားအမျိုးသမီး တစ်ဦးနှင့် လက်ထပ်သွားလေတော့ မြပိုးရုံဆိုတဲ့ မိန်းမသား တစ်ယောက်ရဲ့ ဘဝဟာ တခုလပ်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ခက်ခဲတဲ့ ခရောင်းလမ်းကို ခြေစနင်းရ...