Ep-9

2.8K 87 0
                                    

"မြလေး"

ဆိုင်ထဲက ထွက်ရန် ပြင်စဉ် ခေါ်သံကြောင့် ကြည့်မိတော့ စစ်ရှိန်းနောင်ပင်။

"ရှင် ဘာလာလုပ်တာလဲ"

"အခုထိ ကိုယ့်ကို ခွင့်မလွှတ်နိုင်သေးဘူးလား မြလေးရယ်"

"အဟွန့်"

မြပိုး နှုတ်ခမ်းပါးလေးကို အရုပ်ဆိုးအောင် မဲ့လိုက်ပြီး

"ရှင် ကိုယ်ရှင် ပြန်တွေးကြည့်ပါ ခွင့်လွှတ်မှုနဲ့ ထိုက်တန်ရဲ့လားလို့ ကျွန်မ ကတော့ ရှင်လို လူမျိုးကို ခွင့်လွှတ်မိဖို့ ဘယ်သော အခါမှ မတွေးဘူး ကျွန်မ ရှေ့က ဖယ်"

"မဖယ်ဘူးကွာ မင်း ဘာကြောင့် ကိုယ့်အပေါ် စိမ်းသက်သွားတာလဲ ဘာလို့လဲ"

စူးရဲလှသော မြပိုး မျက်ဝန်းအစုံက သူထံ ရောက်လာကာ

"ဘာလို့ စိမ်းသက်သွားလဲ ဟုတ်လား အဟွန့် ရှက်တတ်ရင် ဒီမေးခွန်းကို ကျွန်မကို ပြန်မေးစရာမလိုဘူး ရှင် လုပ်ခဲ့တဲ့ လုပ်ရက်က လူဆန်ရဲ့လား ပြန်တွေးကြည့်ပါဦး ဦးစစ်ရှိန်းနောင်"

"ကိုယ်လုပ်ရပ်တွေက လူမဆန်တာ မှန်တယ် ဒါပေမယ့် အခုချိန်မှာ နောင်တရလို့ မင်းဆီ ပြန်လာနေပြီလေ အဲ့ဒါကို ဘာလို့ မင်းလက်ကမ်းမကြိုနိုင်ရတာလဲ မြလေးရယ်"

"လက်ကမ်းကြိုသင့်ရဲ့လားလို့ ရှင် ကိုယ့်ရှင် ပြန်စဉ်းစား ကိုယ်ပိုင် ဦးနှောက် အသိအဉာဏ်ရှိရင် ရှိသိမှာပါ နောက်တစ်ခု ထပ်ပြောမယ် ရှင် ကျွန်မကို နှောက်ယှက်နေတာတွေ ရပ်ပါ ကျွန်မ မကြာခင် လက်ထပ်တော့မယ်"

"ဘာ ဘာပြောတယ် ဘာလဲ ဟိုမင်းတခေတ် ဆိုတဲ့ ကောင်နဲ့လား"

"ဒါတော့ ရှင်ထင်ချင်သလိုထင် ဘယ်သူဘယ်ဝါနဲ့ပါလို့ လိုက်ပြောနေရအောင် ကျွန်မ က ရှင်ပိုင်တဲ့ အရုပ်မဟုတ်ဘူး"

စကားအဆုံးတွင် မြပိုး အောင်နိုင်သူ တစ်ဦးလို ပြုံးပြီး လှည့်ထွက်လာခဲ့လိုက်လေသည်။

လက်ထပ်မည် ဆိုတာ မည်သူမည်ဝါကို ရည်ရွယ်ပြီး ပြောလိုက်ခြင်း မဟုတ်ပေ။ စစ်ရှိန်းနောင်၏ နှောက်ယှက်ခြင်းမှ ကင်းဝေးအောင် ပြောလိုက်ခြင်းပင်။
                  💚💚💚

မချစ်သင့်သူ(or)မောင့်အကြွေပန်းDonde viven las historias. Descúbrelo ahora