sir Jeon -2

2.8K 269 32
                                    

လူက စာသင်စရာရှိလို့သာ ထွက်လာရတာ သိပ့်ဘဝင်ကျတာမဟုတ်ဘူး။တခြားဆရာတွေကိုလဲ ကလေးငယ်ကိုကြည့်ဖို့အတွက် မှာထားပေမဲ့....ထောင့်မကျိုးအကောင်နဲ့စိတ်ချတာမဟုတ်ပါ။

"‌ဆရာဂျွန်~~"

"အော် ဆရာမယွန်း..ဘာပြောမလို့လဲမသိဘူး"

"ဟို ညနေကျရင်လေ ထမင်းအတူစားကြမလား  အဲ့ဒါ..."

"မရဘူးဗျ...ကျွန်တော့်သားလေးလဲ ပါတော့လေ...ကလေးက သူစိမ်းနဲ့ဆိုမနေတက်ဘူးလေ"

"ကင်ထယ်ယောင်းကို လိုက်ပို့ခိုင်းလိုက်ပါလား...ဆရာဂျွန့်အိမ်ကိုသူလဲသိတာပဲလေ"

"ကင်ထယ်ယောင်းလိုကောင်နဲ့ ကျွန်တော့်သားကို လွှတ်ဖို့ရာထိကို စိတ်တောင်မကူးရဲပါဘူးဗျာ။
တကယ်အဆင်မပြေတာမို့ ဆရာမယွန်းကိုတော့ အားနာပါရဲ့ ကျွန်တော်ငြင်းပါရစေ"

"ဟုတ်~ကျွန်မလဲအတန်းဝင်စရာရှိလို့ သွားပါအုံးမယ်"

ဆရာမယွန်းရဲ့ကျောပြင်တစ်ဆုံးကြည့်ရင်း...လက်သီးကိုတင်းတင်းစုပ်ထားမိသည်။ထိုဆရာမကို သိပ့်ကြည့်လို့လဲရတဲ့ထဲမပါ။ကင်ထယ်ယောင်းရဲ့အဒေါ်ဖြစ်နေလြိုလဲပါမည်ထင်သည်။

တူကရီးနှစ်ယောက်စလုံးကို ကြည့်မရဘူး...တူကျတော့လဲ ဆိုးပေနေတာ ဆရာကိုဆရာမှန်းလဲမသိ...ဂျစ်ကန်ကန်မျက်နှာထားနဲ့ မသိရင်ပဲ တလောကလုံး သူ့လုပ်စားထိုင်စားနေရတဲ့ရုပ်နဲ့။

အဒေါ်ကျတော့လဲ ကိုယ့်ရှေ့မှာမို့သာ ယဉ်ကျေးသလိုလို မခို့တရို့ပုံဖမ်းထားတာ...တခြားဆရာတွေနဲ့ဆို မျက်နှာက အထက်ကလိုလို မျက်နှာမျိုးတွေ။

"ဆရာဂျွန်...ဆရာ့သားကို ကင်ထယ်ယောင်းနဲ့ကျောင်းနောက်ဘက်မှာ တွေ့လိုက်တယ်"

"အေး အေး!!"

အတန်းထဲကစာဂျပိုး ဂျောင်ဟိုဆော့က လာပြောတာမို့ သူလဲခြေလှမ်းကျယ်ကြီးနဲ့ မပြေးရုံတမယ်နဲ့ လျှောက်လာနေမိသည်။

အဲ့ဒါတွေစိတ်မချတာ  ကလေးငယ်ကို တခြားသူကြည့်တာလဲမကြိုက်ဘူး...ထိတာလဲမကြိုက်ဘူး။သူ့အမေမရှိတော့ထဲက ကိုယ်ပဲစောင့်ရှောက်ခဲ့ရတာမို့ တန်ဖိုးထားရပါသည်။

"ထယ်ထယ်...အရမ်းမလှည့်နဲ့လို့ မူးတယ်~~~ဂျင်ဂျင်မူးတယ်လို့"

"ရပါပြီးကွာ...ကဲကိုယ့်ကိုလိုက်ဖမ်းတော့"

"ဟိ~~ထယ်ထယ် အသံပေးလေလို့...ထယ်ထယ် "

တွေ့ရပါပြီး...ထောင့်မကျိုးကောင်နဲ့ဆော့နေတဲ့ ကလေးငယ်လေးဟာ ရိုးသားဖြူစင်လွန်းလှသည်။ဒါမဲ့ စိတ်မချတာကတော့ စိတ်မချတာပဲဖြစ်သည်။

"အင့်~~မိပြီးကွ ဟင် ဒယ်ဒီ"

"ချစ်မဝလေးကို ဒယ်ဒီဘာပြောထားတာလဲဟင်...
ပြောစကားနားမထောင်တာလား"

"မဟုတ်~"

"ကျွန်တော် ဆော့ဖို့ခေါ်လိုက်တာပါဆရာဂျွန်...ဘာလဲ အမှားများဖြစ်သွားလို့လား"

"မင်းလို လူမျိုးနဲ့ဆော့တယ်ဆိုထဲက အမှားပဲ...နောက်နောင် ငါ့သားရှေ့ယောင်လို့တောင် မပေါ်လာနဲ့"

"ဆရာပြောမှပဲ ကျွန်တော်အရမ်းတွေ တွေ့ချင်နေမိပြီးဗျာ"

"တောက်ခ်!!! မင်းသွားတော့"

မြောက်ကြွမြောက်ကြွနဲ့ကောင် ကြည့်လိုကိုမရဘူး...သူ့လက်မောင်းကို ကိုင်ထားတဲ့ ကလေးငယ်ကိုလဲ စိတ်ဆိုးတာကြောင့် စကားမပြောပဲနေလိုက်သည်။

ဘယ်တော့မှအိမ်ထဲက အိမ်ပြင်ပေးမထွက်ခိုင်းတော့ဘူး....

*********
ဆရာဂျွန်က သူ့သားလေးကို တော်တော်လေးအထိမခံတာပဲနော်...ချစ်တို့ကော ထိချင်ကြလားဟင်😘

Zawgyi

Zawgyi

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


Sir,Jeon(☑️✔️)Where stories live. Discover now