မိုးတွေအရမ်းရွာပြီး ကားလမ်းတွေချော်နေခဲ့သည်။တော်တော်များများသတင်းတွေမှာ ကားလမ်းချော်မှုကြောင့် ယာဉ်တိုက်မှုဖြစ်ပွားရတဲ့အကြောင်းတွေပါဝင်နေခဲ့သည်။ထိုသတင်းတွေထဲမှာ ရင်းနှီးနေတဲ့ကားနံပါတ်ပါမလားလို့ ဂျောင်ဂုဆေးရုံခန်းထဲက တီဗီမှာစောင့်မျှော်နေသည်။
သို့သော်ပါမလာခဲ့ပါ။ဒါကြောင့်ပါလျာအာင်လုပ်ဖို့ ကြံစည်ရတော့သည်။မှန်စားပွဲပေါ်မှာ တင်ထားသည့် Samsung galaxy note 22အနက်ပြောင်ဖုန်းကို လက်လှမ်းယူလိုက်သည်။
ဖုန်းနံပါတ်တစ်ချို့ကို နှိမ့်လိုက်ရင်..နှုတ်ခမ်းပါးထက်အပြုံးတို့ဝေဆာနေသည်။
"ဟဲလို..ခိုင်းစရာရှိတယ်"
*ဟုတ်ကဲ့ပါသခင်လေး..အမိန့်ကိုစောင့်နေပါတယ်*
*ကားနံပါတ်$$$$$ အမည်ပေါက်က ကင်မ်ဒုံယောင်း..အဲ့ကားကိုဘရိတ်ကြိုးဖျက်ပေး"
*ဗျာ..သခင်လေး အဲ့ဒါ*
"အထွန့်မတက်နဲ့ငါခိုင်းတာလုပ်စမ်းပါ!!!!!"
*ဟုတ်ကဲ့ပါသခင်လေး...*
ခပ်ဖွဖွရယ်ရင် ပျော်နေမိသည်။ရန်တစ်ပါးငြိမ်းတော့ ကောင်းတာပေါ့။နို့မို့ဆို ကန့်လန့်ကန့်လန့်နဲ့ ကိုယ်သွားရာလမ်းကြောင်းမှာပိတ်နေမှာ။
ကျွန်တော့်ကိုရက်စက်လိုက်တာလို့တော့မပြောကြပါနဲ့ဗျာ...အချစ်နဲ့တွေ့ရင် လူတိုင်းကတစ်နည်းမဟုတ်တစ်နည်းနဲ့ရူးသွားတက်ကြတယ်။
ဒေါက်~~ဒေါက်
*ဒေါက်တာဂျွန်ရေ!!အရေးပေါ်လူနာရှိတယ်"
"ဟုတ်ကဲ့..လာပြီးနော်"
ခွဲစိတ်ခန်းထဲဝင်ဖို့အတွက် သူအလောတကြီးလှုပ်ရှားလိုက်သည်။မျက်နှာထက်က အပြုံးကတော့မပျက်ပေါ့ကွယ်။
ခွဲစိတ်ခန်းထဲက လူနာကို ကယ်တင်ဖို့အတွက်က သူ့တာဝန်ဖြစ်သည်။သဘောတူဖို့ကတော့ သူတို့တာဝန်ဖြစ်သည်။
ခွဲခန်းထဲကိုမဝင်ခင် လူနာမိသားစုဝင်တွေကို တစ်ချက်ကြည့်လိုက်တော့ ကလေးငယ်လေးက သူ့အမေကိုရင်ခွင်ထဲ ထည့်ထက်ကာ နှစ်သိမ့်နေသည်။ကလေးငယ်ကိုယ်တိုင်ကတော့ မျက်ရည်လေးတွေကို ခိုးသုတ်နေရှာသည်။