final

2.6K 226 57
                                    

စာရင်းယောင်‌ေယာင် ဘာယောင်ယောင်လုပ်နေပေမဲ့ ဆရာဂျွန်က သူတို့တူဝရီးကိုရှိတယ်လို့ကိုမထင်ပါ။ခဏအကြာမီးဖိုခန်းထဲဝင်သွားလိုက်..ခဏနေထမင်းပန်းကန်၊ဟင်းပန်းကန်တွေကို ဗန်းလေးနဲ့ယူသွားလိုက်နဲ့အလုပ်ရှုပ်နေသည်။

"တီလေး~~ဆရာဂျွန်ကလေ နည်းနည်း အာညီး အများကြီးထူးဆန်းနေတယ်။
သူကလေ တစ်စုံတစ်ခုကို ဖုံးကွယ်ထားသလိုပဲ..ကျွန်တော်တို့ မသင်္ကာစရာတွေ ရှာကြရအောင်။
ဒီ့ထက်ပိုပြီးအချိန်ဆွဲလို့မဖြစ်တော့ဘူး"

"‌တီလေးတို့ ဘယ်လိုလှုပ်ရှားရမလဲ?ဆရာဂျွန်က ပါးနပ်လွန်တယ်။
သူခုနကပြောတဲ့ စကားဆို ခြိမ်းခြောက်နေသလိုပဲ"

"အဲ့လောက်ထိကြောက်မနေပါနဲ့ဗျာ..ဒါကကျွန်တော်တို့ကို တမင်အကွက်ဆင်နေတာ။
ကျွန်တော်ကတော့ လုပ်စရာရှိတာဆက်လုပ်ရမှာပဲ"

ထိုအချိန်နောက်ပါးဆီမှ..

"ဘာတွေများ တိုင်ပင်နေကြတာလဲ~~"

အေးစက်စက်အသံကြောင့် လှည့်ကြည့်လိုက်တော့ သူတို့နောက်မှာ ရပ်နေသည့်ဆရာဂျွန်ကိုတွေ့ရသည်။ပါးပြင်တစ်ဖက်က အနည်းငယ်နီထွေးနေသည်။
မျက်လုံးထဲတွေ ဒေါသခိုးများဝေနေသယောင် ဖြစ်သည်။

"ကျွန်မ သန့်စင်ခန်းခဏသုံးချင်လို့"

"ရပါတယ်~~အပေါ်ထပ်က နှစ်ခန်းမြာက်ကို သွားလိုက်ပါ။
တခြားအခန်းထက် အဲ့အခန်းက ပိုကောင်းတယ်လေ"

တီလေးက ဘာကြောင့်ဒီလိုလုပ်မှန်းမသိပေမဲ့ သူ့စိတ်ထဲ လေးနေသည်။ပြတင်းပေါက်နားကို မိုးရေစက်တို့စင်လာကာ မိုးပြင်းလေးများ တဝေါတဝေါရွာကျလာသည်။
ဆရာဂျွန်က သူနဲ့မျက်နှာချင်းဆိုင်လာထိုင်ကာ ရေနွေးခွက်ကို အေးဆေးစွာမှုတ်သောက်နေသည်။

လက်ခေါက်တင်ကာ ဝတ်ထားသည်မို့ တက်တူးများကို ထင်ပေါ်စွာတွေ့နေရသည်။ဘယ်အရာကိုမှ ဂရုမပြုသလို အေးစက်စွာပြုမူနေသည်။
သူသိထားသည့်ဆရာဂျွန်နဲ့လားလားမျှမဆိုင် ငြိမ်သက်နေသည်။သူနဲ့အမြဲရန်ဖြစ်နေကြဆရာဂျွန်မဟုတ်ပဲ တခြားလူပုံစံမျိုးဖြစ်နေသည်။

Sir,Jeon(☑️✔️)Where stories live. Discover now