15

1.7K 202 62
                                    

နေ့ရက်တွေအလီလီပြောင်းသွားပေမဲ့ ကလေးငယ်နဲ့သူရဲ့ဆက်ဆံရေးက မတိုးတက်လာပါ။အရင်လိုပါပဲ ကင်မ်ယွန်းနာကတော့ လောင်းကစားဝိုင်း‌ပြန်ထိုင်နေလေရဲ့။

သူတို့ရဲ့အိမ်ထောင်ရေးကလဲအေးစက်စက်ပါပဲ။ဘာလို့ဆို သူ့ဘက်ကမှ အခွင့်အရေးတစ်ကြိမ်လေးလောက်မှတောင်မပေးတာမို့ဖြစ်သည်။တကယ်တော့ ကလေးငယ်နဲ့အဆင်ပြေပြေ နေနိုင်ချင်ခဲ့တာဟာ သူရဲ့ရည်ရွယ်ချက်ဖြစ်သည်။

အခုတော့ အဲ့ရည်ရွယ်ချက်ကြီးကလဲ ဖြစ်မလာနိုင်ပါ။ကလေးငယ်ဟာ အခွင့်ရေးလေးတစ်ကြိမ်တောင်မပေးခဲ့ဘူးပါ။သူကတော့ ကလေးငယ်မပူဆာပါပဲ အလိုက်သိဖြည့်ဆည်းပေးမှုတွေ အများကြီးဖြစ်သည်။

ကလေးငယ်ဟာ ဆိုးလွန်းပါတယ်...သိပ့်ကိုဆိုးလွန်ပါတယ်ဗျာ။ခေါင်းလဲမာသလို အမှတ်သည်းချေလဲသိပ်ကြီးတာဗျ။

ကျွန်တော်နဲ့ကလေးငယ်ဟာ မျက်နှာချင်းလဲမဆိုင်သလို မျက်နှာချင်းဆိုင်ဖို့ဆိုတာလဲမဖြစ်နိုင်ပါ။အများကြီးမရင်းနှီးရင်တောင် အနည်းငယ်လောက်ပဲ စကားပြောခွင့်ရချင်တာပါ။

ကျွန်တော့်စိတ်ကူးကအရမ်းရိုးရှင်းလွန်းပါတယ်။အနီးနားနေရင် ရင်းနှီးခွင့်ရရန်‌သာဖြစ်သည်။အများကြီးမဟုတ်တောင် တစ်ကြိမ်လောက်ဖြစ်ဖြစ်ပေါ့။

"မေမေ!!!"

အိမ်ပေါက်ဝက‌ေန ကြားလိုက်တဲ့အသံကြောင့် ဧည့်ခန်းထဲကနေ ထွက်လာလိုက်သည်။အသံလေးက စူးနေကာ မျက်နှာလေးကလဲ ကြည်နေသည်။

သူ့ကိုမြင်တော့ ရုပ်ကလေးတည်ကာ စူပုတ်ပုတ်လေးဖြစ်သွားသည်။ကလေးပေါက်စလေးမှ တကယ့်ကလေးပေါက်စလေးပါ။

"သားငယ်လေးတောင် ပြန်လာပြီးပဲ ဘာတွေများ ပျော်စရာရှိလို့လဲ ဒယ်ဒီ့ကိုလဲ ပြောပါအုံး"

"ခဗျားမျက်နှာမြင်လိုက်ရလို့ အပျော်တွေပျက်သွားပြီး..ဖယ်!"

ပုခုံးကိုတိုက်ကာ ထွက်သွားသည့်ကလေးငယ်လေး..

"ဟော့ဗျာ~နေရာတွေအများကြီးပဲရှိတယ်လေကွာ..ဘာလဲ ဒယ်ဒီ့အသားကိုထိချင်လို့ သက်သက်လုပ်တာမဟုတ်လား!!!"

Sir,Jeon(☑️✔️)Where stories live. Discover now