sir, Jeon -1

3.5K 291 51
                                    

"daddy~~~"

ခပ်ချွဲချွဲခေါ်လိုက်တဲ့အသံအဆုံး အေပရွန်ဝတ်ထားတဲ့အမျိုးသားဟာ အနည်းငယ်ပြုံးရင် နောက်လှည့်ကြည့်လိုက်သည်။

မတော်တဲ့ဆွယ်တာအပြာလေးကို ဝတ်ကာ လူကိုချွဲခေါ်နေတဲ့ကလေးကြောင့် ဆေးလက်စပန်းကန်တွေကို ချထားမိခဲ့သည်။

ခြေအိတ်အဖြူလေးဝတ်ထားသည့် ခြေထောက်သေးသေးက ဆောင့်နေသေးသည်။အိပ်ရာထကာစမို့ မျက်လုံးလေးတွေမို့အစ်နေသည်။

"ချစ်မဝလေး...နိုးပြီးလား
ဘာစားချင်လဲ ဒယ်ဒီဘာလုပ်ပေးရမလဲ အသဲလေး"

"ဒယ်ဒီကျောင်းသွားရင် လိုက်ချင်တယ်လေနော်..သားကိုခေါ်သွားနော်။
သားကမုန့်လဲကောင်းကောင်းစားပြီး ပြောစကားလဲနားထောင်မယ်နော်"

"ဒီနေ့တစ်ရက်ပဲနော်...နောက်နေ့အိမ်မှာ ပဲနေရမှာ ဟုတ်ပြီးလား ချစ်မဝလေး"

"ဟုတ်ကဲ့ပါဗျ"

စားပွဲမှာဝင်ထိုင်ရင် ကလေးငယ်အားပေါင်ပေါ်တင်ကာ မနက်စားကျွေးနေ‌လိုက်သည်။‌ပါးဖောင်းဖောင်းကလေးများက အစာစားလိုက်တိုင်း ဖောင်းတက်လာတာကအသဲယားဖွယ်ဖြစ်သည်။

"ရေသွားချိုးတော့နော်...ဒယ်ဒီချိုးပေးရမလား?
ကိုယ်ဘာသာကိုယ်ချိုးမလား ချစ်မဝလေး"

"သားဘာသာချိုးမှာ ဒယ်ဒီချိုးပေးရင် အာဘွားပေးနေတာနဲ့မပြီးတော့ဘူး ဟွန့်"

"ချစ်မဝလေး....စကားလဲတက်ပါ့နော်။
သွားတော့လေ...ခဏနေရင် ဒယ်ဒီက အရှေ့မှာစောင့်နေမယ်"

တလှုပ်လှုပ်နဲ့ထ ထွက်သွားသည့်ကလေးငယ်မှာ သူ့လက်ပေါ်တွင်အရွယ်ရောက်ခဲ့ပြီးဖြစ်သည်။အသက်၁၈နှစ်ဆိုပေမဲ့ စိတ်ကတော့၃နှစ်သား သာသာရယ်ဖြစ်သည်။

"ဒယ်ဒီ~~~~သွားရအောင်ဗျ"

ပန်းရောင်ရှပ်ကလေးနဲ့ဂျင်းအဖြူရောင် ဒူးထက်ဘောင်းဘီလေးနဲ့ ‌ ကလေးဟာ သိပ့်ချစ်ဖို့ကောင်းလှသည်။

အပြင်ထွက်ရမှာတောင် ပေးမထွက်ချင်ပါ။

"လာလာ maskတပ်မယ်...အပြင်မှာရောဂါတွေရှိတယ်"

"ဟုတ်ဒယ်ဒီ"

ကားလေးပေါ်တက်ခိုင်းကာ ခါးပတ်သေချာပတ်ပေးရင် ဆိုးလ်အမျိုးသားအထက်တန်းကျောင်းသို့ မောင်းနှင်လာခဲ့သည်။

"မင်္ဂလာပါဆရာဂျွန်!!!!"

"အင်း"

ဆရာများနားနေခန်းရောက်တော့ ချစ်မဝလေးကို ခုံမှာငြိမ်ငြိမ်ထိုင်ခိုင်းရင် မှာစရာရှိတာမှာရသည်။ကိုယ့်ကလေးက နနုနုနယ်နယ်ရယ် ဒီကျောင်းမှာ ဆိုးတဲ့သူတွေပေါတော့ ကလေးငယ်တစ်ခုခုဖြစ်မှာဆိုးရသည်။

"ချစ်မဝလေး ...အပြင်မသွားရဘူးနော်။
ဒယ်ဒီလာမှ အခန်းကထွက်နော်...ဘယ်သူ့မုန့်မှတောင်းမစားရဘူးနော် ကြားလား"

"ဟုတ်ကဲ့ပါ ဒယ်ဒီ"

"‌ဆရာဂျွန့် သားလေးက ချစ်စရာလေးနော်...ကျွန်တော့်ကို ပေးပါလား ဟက်"

"မင်း!!!ဒီကိုဘာလာ လုပ်တာလဲ"

"ရန်ဖြစ်လို့လေ အဲ့ဒါအတန်းပိုင်ဆရာဆီလာခိုင်းတာနဲ့လာတာလေ...ဘာလို့လဲ ဆရာ့ဆီမှာ ရတနာလေးများရှိလို့လား"

"ဘာရတနာမှမရှိဘူး...သွား အခန်းပြင်မှာ မတ်တပ်ရပ်နေ"

"ဟက်~~နေ့တိုင်း ဒါပဲလုပ်ခိုင်းနေတော့တာပဲ"

"မင်းလို ကျောင်းသားမျိုးက သိပ့်စိတ်ပျက်ဖို့ကောင်းတယ်"

အတန်းထဲမှာ အဆိုးဆုံးကျောင်းသားကို လက်ညိုးထိုးပြပါဆိုရင် ကင်ထယ်ယောင်းကို ထိုးပြရမှာဖြစ်သည်။

အလွန်ဆိုးပြီး ဆရာကိုဆရာမှန်းမသိတဲ့ကောင်ဖြစ်သည်။

********
တိုသွားတယ်နော်😘😘

Zawgyi

Zawgyi

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


Sir,Jeon(☑️✔️)Where stories live. Discover now