စစ်ဆေးခန်းထဲတွေ လက်ထိတ်အခတ်ခံထားရသည့် သူဟာ အရှေ့ကရဲမှူးကို မျက်နှာခပ်တင်းတင်းနဲ့ပဲကြည့်နေလိုက်သည်။တော်ကြာနေပြန်လွှတ်ပေးရမှာကိုပဲဟာ ဘာတွေစစ်နေမှန်းကိုမသိဘူး။
"ခဗျားဘာရည်ရွယ်ချက်နဲ့ ကင်မ်ဒုံယောင်းရှီးကို သတ်တာလဲ..ရန်ငြိုးတွေဘာတွေများရှိလား"
"မရှိပါဘူး ရဲမှူးရယ်...ကျွန်တော်က ဒီတိုင်းလေးပဲ လူနာကို အားဆေးထိုးပေးတာပါ။လူနာက အားဆေးနဲ့မတည့်တာလဲ ဖြစ်နိုင်တာပဲလေ။
ကျွန်တော်ကဆရာဝန်တစ်ယောက်ပါ လူနာကိုဘာကြောင့်သတ်ရမှာလဲ"သူရဲ့စကားက ယုံချင်စရာတော့မကောင်းနေပါ။အားဆေးလို့သာ ပြောနေပေမဲ့ တကယ်ထိုးပေးလိုက်တာက ကင်ဆာရောဂါသည်တွေကို အရမ်းကြီးမခံစားရအောင် ထိုးပေးတဲ့ဆေးဖြစ်သည်။
အတိအကျပြောရရင်တော့ သေဆေးပေါ့ဗျာ။
ဆရာဝန်တိုင်းလူမသတ်တာရယ်တော့မဟုတ်ဘူးဗျ..တချို့ဆရာဝန်တွေတောင် ပိုက်ဆံရရင် ဆေးထိုးသတ်နေကြတာပဲလေ။
"အားဆေးဟုတ်မဟုတ်ကိုတော့ မှုခင်းဌာနကဆေးစစ်ပြီးရင်သိရမှာပါ"
ရုပ်တည်ကြီးနဲ့ ပြောလာသည့် ထိုရဲမှူးအမည်က ပတ်ခ်ဂျီမင်တဲ့...သူ့ကိုတော့ ဘောက်ဆူကောင်းကောင်းပေးရတော့မယ်။
သူကသိပ့်တော်လွန်းနေတယ်လေ..အမှန်တရားဘက်တော်သားကြီးပေါ့ဗျာ။"ဂျွန်ဂျောင်ဂု ကို လွှတ်ပေးလိုက်ကြ!!!သူ့မှာအပြစ်မရှိဘူး။
သူထိုးပေးတာက တကယ့်ကို အားဆေးပဲ..လူနာကိုယ်တိုင်ခွင့်ပြုလို့ ထိုးပေးလိုက်တာ။
အပြစ်မရှိဘူးလွှတ်လိုက်!""ဒါမဲ့ ဆရာ သူက"
"မရှည်နဲ့ လွှတ်ဆို လွှတ်လိုက်လေ!!!ပတ်ခ်ဂျီမင်တော့ ရာထူးလျော့တော့မယ်"
ထိုအခါမှလာလွှတ်ပေးသည့် ထိုရဲမှူးကို သူအသေအချာမှတ်ထားလိုက်သည်။တော်လွန်းလို့ အဖေ့ဆီကို ဘောက်ဆူပေးဖို့လှမ်းပြောရမည်။
သူ့ကတော့ ရဲစခန်းထဲက အေးဆေးလေးထွက်လာခဲ့လိုက်သည်။မနက်ဖြန်ကြရင်တော့ ကင်မ်ဒုံယောင်းရှီးရဲ့ ဈာပနကိုလိုက်ပို့ပေးအုံးမှပါလေ။