8

2.1K 219 88
                                    

ဆေးလက်မှတ်တွေ..ဆေးကျောင်းတံဆိပ်တွေ..တခြားသောအမည်မသိဆေးပေါင်းများစွာကို ပေါင်းစပ်ကာအချိုးကျထားသည့် စာရွက်တွေဖြစ်သည်။

တချို့ဆေးလက်မှတ်တွေက တားမြစ်ခံထားရသည့် မှတ်ချက်တွေပါနေသည်။ဆရာဂျွန်က ဘယ်လိုလူအမျိုးအစားပါလဲ။ထိုသူဟာ လျှို့ဝှက်ချက်တွေပေါများ‌ပြီး တစ်ခုခုတော့ တစ်ခုခုဖြစ်သည်။

အဒေါ်ကြီးက စာရွက်စာတန်းတွေကို သေချာပြန်စီကာ ခုံပေါ်ပြန်တင်ရင် အနောက်လှည့်လိုက်တော့..

"ဆရာ.ဆရာဂျွန် ပြန်ရောက်ပြီးလား"

ဇောချွေးတချို့ နထင်းမှာကပ်ပါလာသည်။မျက်လုံးများကလဲ မတည်ငြိမ်၊ခြေဖျားလက်ဖျားတွေအေးစက်လာသည်။

"အင်း~ဒါ‌နဲ့အဒေါ်ကြီးက အပေါ်တက်ကို ဘာလုပ်လာတာပါလဲဗျ"

"ဟို..ဟိုကျောင်းသားလေးက ကျွန်မကို ဆရာဂျွန်က ဖိုင်တွဲယူခိုင်းလိုက်တယ်ဆိုလို့ အပေါ်တက်ကို တက်လာတာ"

အေးစက်စက် အငွေ့သတ်တချို့ ခြုံလွှမ်းနေတဲ့ဆရာဂျွန့်အကြည့်တွေဟာ ကြောက်စရာပါပဲ။သူ့နားကို တဖြေးဖြေးကပ်လာသည်။အေးစက်နေသည့် ခံစားချက်တွေကတော့ ပေါက်ဖွားဆဲ ဖြစ်သည်။

"ကျောင်းသားကင်မ်ထယ်ယောင်းလား...သူ့ကို ကျွန်တော့်အိမ်ထဲကို ခွင့်ပြုချက်မရှိပဲ ဝင်မလာပါစေနဲ့။
နောက်ပြီး ကျွန်တော့်သားလေးကို သူစိမ်းတစ်ယောက်နဲ့ အခုလိုမျိုး ဖြစ်သလိုမထားခဲ့ပါနဲ့ ကျွန်တော်မကြိုက်ဘူး"

"ဟုတ်ကဲ့ပါဆရာဂျွန်..ကျွန်မပြန်ပါအုံးမယ်"

ဆရာဂျွန်ရဲ့စူးစိုက်ကြည့်မှုတွေကို မခံနိုင်တာမို့ လှည့်ထွက်ခဲ့လိုက်သည်။သို့သော် နောက်ကျောဘက်က ထွက်လာသည့် အေးစက်စက်စကားသံက ကြက်သီးထစေသည်။

"သူများအတွင်းရေး စပ်စုတာမကောင်းဘူးနော် အဒေါ်ကြီး..မဟုတ်ရင်တော့ ကြာကြာနေရမှာ မဟုတ်ဘူး"

ခေါင်းလဲမငြိမ့်မိ..ခေါင်းလဲမခါပဲ အပြန်သာ ပြေးဆင်းလာလိုက်သည်။ထူးဆန်းသည်..ဆရာဂျွန်က တစ်ခုခုပဲဖြစ်သည်။

Sir,Jeon(☑️✔️)Where stories live. Discover now