💃အခန်း ( ၁ )💃အလွန်ရဲရင့်သော

950 15 1
                                    


  မင်္ဂလာပွဲအခမ်းအနား၌ ဂျန်းမိန်သည် ဝိုင် အများကြီး သောက်ခဲ့တယ်။ သူ(မ) အရမ်းမူးနေတော့ သူ(မ)၏လက်ထောက် အကူအညီနဲ့ တံခါးရှေ့မှာ ရပ်နေပြီး ခန္ဓာကိုယ်ကို လှုပ်ယမ်းနေတယ်။

  ခဏကြာပြီးနောက် ကား ရောက်လာပြီး လက်ထောက်က ဂျန်းမိန်ကို ကားထဲဝင်ဖို့ ကူညီခဲ့တယ်။

  ဂျန်းမိန်၏မျက်နှာက ဝိုင်စိမ်ထားသော ကရဝေးရွက်ကဲ့သို့ နီရဲနေပြီး လှပသော မျက်လုံးဝိုင်းဝိုင်းလေးက အနည်းငယ်ကွေးသွားကာ သူ(မ)က လက်ထောက်လေးကို မှုန်ဝါးဝါးမျက်လုံးတွေနဲ့ ကြည့်နေတယ်။

  " သွား ၊ သွားရအောင် ၊ ငါ ကောင်ငယ်လေး အယောက်(၂၀)ကို မှာချင်တယ်။ "

  " မိန်မိန် ၊ ရှင် အရမ်း သောက်ပြီးပြီ ! "

  " ပေါက်ကရတွေ ၊ ငါ အများကြီး မသောက်ရသေးဘူး ..... "

  စကားနှစ်ခွန်း ထပ်ပြောပြီးနောက် မတော်တဆမှု ဖြစ်ပွားခဲ့တယ်။ ကားတစ်စီး ပေါက်ကွဲပြီး ယာဉ်တိုက်မှုဖြစ်ကြောင်း သိရတယ်။

  ကားပေါ်မှာရှိတဲ့ ဂျန်းမိန်ဟာ တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေပြီး အထူးသဖြင့် သူမ၏ခေါင်း တစ်ခုလုံး နာကျင်ကိုက်ခဲနေကာ သူမရဲ့မျက်တောင်ပေါ်မှာ သွေးများ စွန်းထင်းနေပြီး နောက်တစ်ခဏမှာ သတိလစ်သွားကာ အမှောင်ထုထဲသို့ ရောက်သွားတယ်။

  နံနက်စောစောမှာ မိုးတွေ တဖွဲဖွဲကျနေပြီး တစ်မြို့လုံးမှာ မြူတွေ အပြည့်နဲ့ ဖြစ်နေတယ်။

  ကောင်းကင်အထိ မြင့်တက်ရှည်လျားနေတဲ့ အဆောက်အဦတွေက ဒဏ္ဍာရီနတ်သမီးတိုင်းပြည်ထဲကလိုဘဲ။

  အခန်းတစ်ခုထဲတွင် အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦး ကုတင်ကြီးတစ်ခုပေါ်မှာ အိပ်နေကြတယ်။

  အမျိုးသားက ခန္ဓာကိုယ် ကျစ်ကျစ်လျစ်လျစ်နဲ့ သူ အိပ်ပျော်နေချိန်တောင်မှ သူ(မ) ဘေးမှာ လဲလျောင်းနေတဲ့ သူက အေးစက်စက်နဲ့ ခံ့ညားတယ်။

  အနက်ရောင်ပိုးသားအင်္ကျီက လည်ပင်းကို မည်သူ ဆုတ်ဖြဲသွားမှန်း မသိပါဘူး။ ညှပ်ရိုးက ငုံ့ကြည့်ရင် , ရင်ဘတ်ကြွက်သားတွေ လှိုင်းထနေတာကို ခပ်ရေးရေး မြင်နိုင်တယ်။ သို့သော် ဤရှုခင်း အများစုကို အမျိုးသမီးငယ်လေး၏ နောက်ကျောဘက်က ပိတ်ဆို့ထားတယ်။

💃အမျိုးသားဇာတ်ဆောင်၏လရောင်ဖြူ ( အချစ်ဦး ) အစားထိုး အဖြစ်ပြောင်းလဲခြင်း💃Where stories live. Discover now