💃အခန်း ( ၃ )💃ငိုရမည့်အရာ

146 8 1
                                    


  ဂျန်းမိန်သည် ထိုအိပ်မက်မှ ပြန်လည်မထမြောက်နိုင်သေးဘဲ ထိုအမှတ်တရများသည် ပင်လယ်ရေကဲ့သို့ သူ(မ)၏စိတ်ထဲသို့ စိမ့်ဝင်လာပြီး သူ(မ)၏ကိုယ်ပိုင်အမှတ်တရများနှင့် ပေါင်းစပ်သွားခဲ့တယ်။

  ရင်းနှီးပြီး ဒေါသသံပါနေသော အမျိုးသားအသံကို သူ(မ) , မကြားမချင်း သူ(မ) အိမ်မက်ထဲတွင် အလွန်အကျွံ ကြားခဲ့ရသော ၎င်းသည် ပို၍ ရွံရှာဖွယ်ကောင်းသော လေသံဖြစ်တယ်။

  အခု ရုတ်တရက် သူ(မ) ထပ်ကြားလိုက်ရတာကြောင့် ဂျန်းမိန်သည် ခေါင်းက နာကျင်မှုကို လျစ်လျူရှုပြီး တံတောင်ဆစ်နဲ့ ထောက်ပြီး ကုတင်ပေါ်ကနေ ထထိုင်လိုက်တယ်။

  မှိန်ဖျော့ဖျော့အခန်းကို လှမ်းကြည့်လိုက်တော့ မနက်အိပ်ရာထပြီးတဲ့ အခန်းက ရှိနေတုန်းပဲ။

  အမျိုးသားတစ်ယောက်သည် ကုလားထိုင်တစ်လုံးမှ ရွှေ့ကာ ကုတင်အစွန်းတွင် ထိုင်ရင်း သူ၏ ခြေထောက်များကို ပြေပြစ်သော ကိုယ်ဟန်အနေအထားဖြင့် ထိုင်ကာ ခြေသလုံးပေါ်တွင် လက်များကို ခေါက်တင်ထားတယ်။

  ရှန်းရှီယန်၏ အနက်ရောင် မျက်လုံးများက သူခေါင်းမော့လိုက်သည်နှင့် တပြိုင်နက် အလင်းရောင် အနည်းငယ်သည် ဂျန်းမိန်၏ သေးငယ်တဲ့ မျက်နှာကို ရောင်ပြန်ဟပ်လာတယ်။

  သူ(မ)ရှေ့ရှိ အမျိုးသားသည် အလွန်ကြည့်ကောင်းသော မျက်နှာရှိသည်မှာ ထင်ရှားသော်လည်း ဂျန်းမိန်သည် အရမ်းထိတ်လန့်စရာကောင်းသည်ဟု ခံစားမိတယ်။

  ဒီလူရဲ့မျက်နှာက သူ(မ)ရဲ့အိပ်မက်ထဲက အမျိုးသားဇာတ်ဆောင် ရှန်းရှီယန် နဲ့ အတူတူပါပဲ။

  ဒါမှမဟုတ် အိပ်မက်မက်နေတုန်းလား ? သူ(မ)နိုးလာသည်ဟု အိပ်မက်မက်သော်လည်း အမှန်တကယ် မနိုးခဲ့ပေ။ သူ(မ)သည် အိပ်မက်ထဲတွင် အိပ်မက်တစ်ခု ရှိနေတယ်။

  နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း ဂျန်းမိန်က စောင်ကို ဆုပ်ကိုင်ထားကာ သူ(မ)နှလုံးသားလေး တုန်လှုပ်ချောက်ချားသွားခဲ့တယ်။

  သူ(မ) ဘယ်လောက်ကြာကြာ အိပ်ပျော်သွားသလဲ ? ကုတင်ဘေးမှာ ထိုင်ပြီး သူ(မ)ကို ကြည့်နေတာ ဘယ်လောက်ကြာပြီလဲ ?

💃အမျိုးသားဇာတ်ဆောင်၏လရောင်ဖြူ ( အချစ်ဦး ) အစားထိုး အဖြစ်ပြောင်းလဲခြင်း💃Where stories live. Discover now