အခန်း ( ၅၂ )

41 3 1
                                    

  ရှန်းရှီယန်သည် ခပ်လျှိုလျှိုနေပြီး လူအများအမြင်တွင် ပေါ်လွင်ခဲတယ်။

  ရှန်းယင်သည် သူမည်သူမည်ဝါ ဖြစ်သည်ကို မသိခဲ့ပါက ယနေ့ မည်သူမည်ဝါလာမှန်း မသိနိုင်ပေ။

  ရှန်းရှီယန်က သူတို့ကုမ္ပဏီကို တကယ်လာပြီး ဘာလုပ်တာလဲ ?

  သူ့ရည်ရွယ်ချက်ကို သူ(မ) , မသိသော်လည်း ရှန်းရှီယန်သည် ဂျန်းမိန်အတွက် သေချာပေါက် ရောက်ရှိလာသည်မှာ သေချာပါတယ်။

  ဂျန်းမိန်သည် မနေ့ညက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို ရှန်းယင်သို့ ပြောပြခဲ့ပြီး ရှန်းရှီယန်ကိုယ်တိုင် သွားရန် မမျှော်လင့်ခဲ့ပေ။

  ရှန်းယင်က သဘောပေါက်သွားပြီး " ဒါဆို မင်းရဲ့ မစ္စတာရှန်းက အမြဲတမ်း မနာလိုဖြစ်နေတာလား ? "

  မနာလိုတာလား ?

  မနေ့ညက ရှန်းရှီယန်၏ ဒေါသအသွင်အပြင်နှင့် နောက်ပိုင်းတွင် ဖြစ်ပျက်သွားသော ထိန်းမနိုင်သိမ်းမရ အဖြစ်အပျက်များကို တွေးရင်း သူ(မ)၏ပါးပြင်များ အနည်းငယ် ပူလာပြီး သူ(မ) ခပ်ဝါးဝါး ညည်းရင်း " မေ့လိုက်ပါ ! "

  " တို့ မမြင်လိုက်ဘူး ထင်လား ? မင်းရဲ့ ဥက္ကဌရှန်းက မင်းကို အရမ်းဂရုစိုက်တယ် ! "

  ရှန်းယင်က သူ့(မ)မေးစေ့ကို ကိုင်ကာ သက်ပြင်းချလိုက်ပြီး " ဒါပေမယ့် တို့က ရှန်းရှီယန်ဘက်ကပဲ ၊ ဂျီကျိရှန်း နဲ့ မင်းရဲ့ အဆက်အသွယ်အတွက် တို့ သေချာပေါက် စိတ်မပူဘူး။ နောက်ဆုံးတော့ ဂျီကျိရှန်းကလည်း မဆိုးပါဘူး ! "

  ရှန်းရှီယန်နှင့် ဂျီကျိရှန်းတို့သည် တူညီသောလူများ ဖြစ်သည်။

  သူတို့ နှစ်ယောက်ဟာ ရန်လိုတဲ့ လက္ခဏာတွေနဲ့ ရပ်တည်နေခဲ့တာ ၊ တစ်ယောက်နဲ့တစ်ယောက် သဘောထား မတိုက်ဆိုင်လို့ ၊ တစ်ယောက်နဲ့တစ်ယောက် အပြစ်ရှာနေကြတာပဲ။

  ဂျန်းမိန်က ရှန်းယင်ရဲ့စကားကြောင့် " မင်းက သူ တို့ကို ဂရုစိုက်တယ်လို့ ပြောနေတာလား ? "

  ရှန်းယင်က " မင်းမိသားစု မစ္စတာရှန်းက မင်းကို ဂရုမစိုက်ဘူးဆိုရင် မင်းအတွက် ဘာလို့ လူကိုယ်တိုင်လာမှာလဲ ? ဒီလိုအသေးအမွှားကိစ္စအတွက် သူ့လက်အောက်က တစ်ယောက်ယောက်ကို လွှတ်လိုက်မှာပေါ့ ! "

💃အမျိုးသားဇာတ်ဆောင်၏လရောင်ဖြူ ( အချစ်ဦး ) အစားထိုး အဖြစ်ပြောင်းလဲခြင်း💃Where stories live. Discover now