အခန်း ( ၅၁ )

29 4 1
                                    

  ဂျန်းမိန် ရေချိုးခန်းထဲက ထွက်လာတော့ သူ့စိတ်တွေ ပိုကောင်းမယ့်အစား ပိုဆိုးလာတယ်။

  သူ့(မ)ဆံပင်တွေကို သုတ်ရင်း ရေချိုးခန်းထဲက ထွက်လာတော့ အိပ်ခန်းထဲမှာ ရှန်းရှီယန်ကို တွေ့လိုက်တယ်။

  အိပ်ခန်းထဲတွင် ညမီးတစ်ခုဖွင့်ထားပြီး ရှန်းရှီယန်သည် မှိန်ဖျဖျအလင်းရောင်ကို မျက်နှာမူကာ ကုတင်ပေါ်တွင် ထိုင်နေတယ်။

  အနက်ရောင်အရောင်က သူ့မျက်နှာကို ပိုညို့သွားစေပြီး ဂျန်းမိန်ကို အံ့အားသင့်သွားစေတယ်။

  သူ ဘယ်တုန်းက ဝင်လာတာလဲ ?

  ဒါပေမယ့် မကြာခင်မှာပဲ ရှန်းရှီယန်က အေးစက်တဲ့အကြည့်နဲ့ ကြည့်ရင်း ဂျန်းမိန်က ပုံမှန်ပြန်ဖြစ်သွားကာ " ကောင်းပြီ ၊ ရေချိုးချင်လား ? "

   ဘ ဘ ဘ !

  ဂျန်းမိန်က ဝမ်းနည်းစွာနဲ့ သူ့(မ)လျှာကို ကိုက်လိုက်ချင်တယ်။ ပြောစရာတွေ အများကြီးရှိတော့ သူ(မ)က ဘာလို့ ဒီလိုစကားကို ပြောတာလဲ?

  အဲဒီလူက " ဒီကိုလာ ! "

  ဂျန်းမိန် တုံ့ဆိုင်းသွားတယ် ၊ ရှန်းရှီယန်သည် စာရင်းရှင်းရန် သူ့(မ)ကို ရှာနေသကဲ့သို့ ပြင်းထန်စွာ ကြည့်နေသောကြောင့် သူ(မ) , မသွားဝံ့ဘဲဖြစ်နေတယ်။

  သူတစ်ယောက်ယောက်ကို ရိုက်ရင် ဘာဖြစ်မလဲ ?

  ဒါပေမယ့် မအောင်မြင်ရင် အလုပ်မဖြစ်ဘူး။

  ဂျန်းမိန်က တောင့်တောင့်ကြီး လျှောက်လာကာ ခြေလှမ်းအနည်းငယ်လှမ်းရင်း ထိုလူဆီသို့ လှမ်းကြည့်လိုက်ပြီး " ရှင် စိတ်ဆိုးနေသေးလား ? " ဟု အသံတိုးတိုးဖြင့် မေးလိုက်တယ်။

  ရှန်းရှီယန်သည် သူ(မ)အား ဤကဲ့သို့ အုံ့မှိုင်းသောအကြည့်ဖြင့် ကြည့်မြဲကြည့်နေတော့ ဂျန်းမိန် လည်း ထိတ်လန့်သွားတယ်။

  သူ(မ)သည် ထိုအမျိုးသား၏ဘေးတွင် သတ္တိရှိရှိထိုင်ကာ လက်ကိုဆန့်ကာ ကလေးလေးလို နူးညံ့သိမ်မွေ့စွာပြုမူကာ လက်ကိုဆန့်ရင်း " စိတ်မဆိုးပါနဲ့ ဟုတ်ပြီလား ? "

  ဂျန်းမိန်သည် မျက်ရည်ဝေ့နေသော မျက်လုံးတစ်စုံကို မှိတ်လိုက်ပြီး သူ့ကိုကြည့်ကာ သူ့မျက်ခုံးများနှင့် မျက်လုံးများသည် လိမ္မာပါးနပ်ပြီး ဖြူစင်မှုအပြည့် ရှိသည်။

💃အမျိုးသားဇာတ်ဆောင်၏လရောင်ဖြူ ( အချစ်ဦး ) အစားထိုး အဖြစ်ပြောင်းလဲခြင်း💃Where stories live. Discover now