လက်ထဲတွင်ရှိသော အမျိုးသမီး၏ ခန္ဓာကိုယ်သည် အရိုးမရှိသလို ၊ သူ(မ)ကို ပေါ့ပေါ့တန်တန် ထိတွေ့လိုက်မိလျှင် ပူဖောင်းလေး ပျောက်ကွယ်သွားသလို ယျိုငျကနြတေဲ့ ပုံစံလေး ဖြစ်နေတယ်။
သင်းပျံ့သော ရနံ့တစ်ခု ပျံ့နှံ့လာပြီး ရှန်းရှီယန်၏ မျက်နှာသည် ပို၍အေးစက်လာတယ်။ ဒါက သူ့ကို အပြစ်ပေးဖို့ ကြိုးစားနေတာလား ?
ဉာဏ်ဖတ်စွမ်းရည်မရှိသော ဂျန်းမိန်သည် အပြစ်ကင်းသလို မျက်လုံးများကိုမှိတ်ထားတယ်။ ဘာလို့ သူ(မ)ကို ပြင်းပြင်းထန်ထန် ကြည့်နေတာလဲ ?
အကြည့်ကို ခံစားမိသောကြောင့် သူ(မ) စိတ်ရှုပ်သွားပြီး မသိစိတ်အရ သူ့ခန္ဓာကိုယ်ပေါ်က ထလိုက်တယ်။
ထိတ်လန့်တကြား ကောက်ကိုင်လိုက်သည်က သူ(မ)ကိုယ်သူ(မ) မဟုတ်ဘဲ ရှန်းရှီယန်၏ ဝမ်းဗိုက်ကြွက်သားများကို သူ(မ) ထိမိလိုက်သည် ဆိုတာ သတိမထားမိလိုက်ပေ။
အမျိုးသမီး၏ လက်ချောင်းထိပ်များသည် ပျော့ပျောင်းအေးမြပြီး သန့်ရှင်းသပ်ရပ်သော လက်သည်းများက သူ့အရေပြားကို ညင်သာစွာ ခြစ်ထုတ်ကာ တုန်လှုပ် ချောက်ချားစေတယ်။
ရှန်းရှီယန်၏ အမူအရာ ပြောင်းသွားပြီး သူ(မ)ကို ဒေါသတကြီး စိုက်ကြည့်လုနီးပါး ဖြစ်နေပြီး " ခင်ဗျား ဒါကို မထိဘဲ မနေနိုင်ဘူးလား ? " လို့ ပြောလိုက်တယ်။
" ဘာလဲ ? "
တစ်ယောက်နဲ့ တစ်ယောက် အော်ငေါက်ကြပြီးနောက် ဂျန်းမိန်သည် တကယ်ကို ကျရှုံးခဲ့တယ်။
သူ(မ)လက်ထဲက ရှန်းရှီယန်ရဲ့အကြည့်ကို သူ(မ)ကြည့်လိုက်တဲ့အခါ သူ့ဝမ်းဗိုက်ကြွက်သားတွေကို ထိမိနေတယ်ဆိုတာ သိလိုက်ရတယ်။
အို့
ဒါဆို အခု အရင် ထိတာက သူ(မ) မလား။
လုံးဝ မခံစားရတာ အံ့သြစရာဘဲ !
ဂျန်းမိန်သည် အလွန်အရှက်ကွဲသွားပြီး သူ(မ)မျက်နှာမှာ ရှက်စိတ်ဖြင့် နီမြန်းနေပြီး သူ(မ)ကိုယ်သူ(မ) မြှုပ်နှံရန် အပေါက် တစ်ခု ရှာချင်နေတယ်။
ESTÁS LEYENDO
💃အမျိုးသားဇာတ်ဆောင်၏လရောင်ဖြူ ( အချစ်ဦး ) အစားထိုး အဖြစ်ပြောင်းလဲခြင်း💃
AcciónLetter - Zawgyi 📌 Ongoing 🖋️ ဂျန်းမိန်သည် မင်္ဂလာပွဲအခမ်းအနားမှ အိမ်အပြန်လမ်းတွင် ကားတိုက်မှုတွင် ပါဝင်ခဲ့ပြီး ဝတ္ထုတစ်ပုဒ်ထဲတွင် အဆုံးသတ်ခဲ့တယ်။ သူမမျက်လုံး ဖွင့်လိုက်သောအခါ သူမသည် တစ်ပါးသူအပေါ် သံသယလွန်ကဲတဲ့ အမျိုးသားဇာတ်ဆောင်အတွက် ( အျ...