အခန်း ( ၂၃ )

33 5 1
                                        

  ရှန်းရှီယန်က ခေါင်းငုံ့ပြီး နဖူးကို နမ်းလိုက်တယ်။

  " ဒါဆို အဆင်ပြေလား ? "

  ဂျန်းမိန်သည် သူ့(မ)နှလုံးကို သိပ်မနာဟု မသိစိတ်က ခံစားလိုက်ရသော်လည်း ထုံနေသော ဝေဒနာ ရှိနေသေးတယ်။ သူသည် သေချာပေါက် နမ်းပေးမည်မဟုတ်ဟု တွေးကာ လောဘကြီးစွာဖြင့် ထိုလူ၏ နှုတ်ခမ်းကို ကြည့်လိုက်မိတယ်။

  မေ့လိုက်ပါ ၊ ဘာပဲဖြစ်ဖြစ် အသက်ရှူရတာ မနာကျင်ပါဘူး ၊ ဒီဝေဒနာလေးကို ခံနိုင်ရည်ရှိနေတုန်းပါပဲ။

  ဂျန်းမိန်က နှုတ်ခမ်းစူပြီး မကျေမနပ်နဲ့ ပြန်ပြောလိုက်တယ်။

  " ကျွန်မ ရှင့်ကို အရမ်းကြိုက်တယ် ! "

  " သိပြီ ! "

  " ဒါဆို ဒီည ပြန်လာမှာလား ? "

  " အခြေအနေအရပဲ "

  တစ်သက်လုံး ပြန်မလာတာက အကောင်းဆုံးပဲ။

  ဂျန်းမိန်သည် သူ့အတွက်မဟုတ်ပါက ဤညှဉ်းပန်းနှိပ်စက်မှုကို ခံရမည်မဟုတ်ကြောင်း တိတ်တဆိတ် ဆုတောင်းခဲ့တယ်။

  ဂျန်းမိန်က " ဒါဆို ရှင်နဲ့ ညစာအတူစားဖို့ ကျွန်မ စောင့်နေမယ် ၊ ရှင် ပြန်လာရမယ်နော် ! "

  ထိုသို့ဖြင့် သူ(မ)သည် အကျင့်စာရိတ္တကောင်းမွန်ပြီး ဉာဏ်ရည်ထက်မြက်သော အသွင်အပြင်ဖြင့် သူ့အား ဆန္ဒမပါဘဲ လွှတ်လိုက်ရာ ရှန်းရှီယန် သည် ၎င်းကိုမြင်သောအခါ ပျော့ပျောင်းသွားခဲ့တယ်။

  " ပြန်လာရင် လက်ဆောင်ဝယ်ခဲ့နော် "

  ဂျန်းမိန်က သူ ဒီည လာမှာမဟုတ်ဘူး 80% သိတယ်။

  ရိုးရိုးရှင်းရှင်းပဲ။

  ရှန်းရှီယန်ကို လွှတ်လိုက်ပြီးနောက် ဂျန်းမိန်သည် နောက်ဆုံးတွင် စိတ်သက်သာရာရသွားတယ်။

  သူ(မ)ရဲ့နာကျင်နေသော ရင်ဘတ်ကို ပွတ်သပ်ပြီး နောက်တစ်ရက်တွင် ဆေးစစ်ရန် ဆေးရုံသို့ သွားရန် ဆုံးဖြတ်လိုက်တယ်။

  ရှန်းရှီယန်တွင် အချိန်များစွာ ဖြုန်းတီးခဲ့ပြီး ပြန်ရန်ပင် မပြင်ဆင်နိုင်ခဲ့ပေ။ သူ(မ)ဟာ ရိုးရိုးရှင်းရှင်း မိတ်ကပ်လိမ်းပြီး သပ်သပ်ရပ်ရပ်နဲ့ အတန်းတက်ဖို့ ပြင်ဆင်လိုက်တယ်။

💃အမျိုးသားဇာတ်ဆောင်၏လရောင်ဖြူ ( အချစ်ဦး ) အစားထိုး အဖြစ်ပြောင်းလဲခြင်း💃Where stories live. Discover now