ဒီထဲက အကြောင်းအရာတွေက ကိုယ့်ဘာကိုယ် ပုံဖော်
ထားတာမလို့ ဖတ်ရတာ အဆင်ပြေဖို့ မျှော်လင့်ပါတယ်Update လည်း ကြာနိုင်ပါတယ်ဗျ ♡
______________________________________
"hyung !"
"Jeno လွှတ်ဦး hyung နားချင်လို့"
"ဒီဘက်လှည့် "
"ငါ့စကားနားထောင် Jeno"
Jeno က အနားက နံရံကို လက်သီးနဲ့ ပစ်ထိုးနေတာ
ကြောင့် Doyoung က အမြန်တားရသည်"အဲ့တာ မင်းဘာလုပ်တာလဲ Jeno! "
"ကြည့် ဒီမျက်နှာလေးက ဒီလို အနာတရတွေနဲ့ ဖြစ်လာ
ပြန်ပြီမလား hyung အဲ့ဆေးရုံကို သွားပြန်တာမလား"Jenoက သူ့အကို မျက်နှာနုနုလေးနဲ့ မလိုက်မဖက်
ထင်ကျန်နေတဲ့ အပေါက်အပြဲ ဒဏ်ရာတွေကို ကြည့်ရင်း
စိတ်ထဲ၌ ခံပြင်းနေမိတာပင်"ကျေးဇူးပြုပြီး
ကျွန်တော်တို့ အဝေးကြီးကို ထွက်ပြေးကြရအောင်ပါ
လုပ်ပါ ကျွန်တော် တောင်းပန်ပါတယ် ကျွန်တော်တို့
ညီအကိုနှစ်ယောက် အေးအေးဆေးေဆး နေကြမယ်လေ""မဖြစ်ဘူး!"
Jeno က မျက်လုံးတို့ကို မှိတ်လိုက်တော့ မျက်ရည်တွေက
ကျလာခဲ့သည် အဲ့ဒီအစီအစဉ်ဟာ မဖြစ်နိုင်ေသးမှန်း သူလည်း
သိပါတယ် ဒါပေမယ့် သူ ဒီနေရာကနေ ထွက်ပြေးချင်တာပဲ
သိတော့တယ် Doyoung hyung ကသိပ်ပင်ပန်းနေပြီ"Jeno အဲ့လို မငိုပါနဲ့ကွာ ငါက မင်းကိုကြည့်ပြီး
အားတင်းထားရတာမို့ မငိုပါနဲ့ ""ကျွန်တော် ဒီထက် ပိုအရွယ်ရောက်လာရင်ကောင်းမှာပဲ
အဲ့တာဆို ကျွန်တော် hyung့ကို ပိုပြီး ကာကွယ်ပေး
နိုင်မှာ hyungကို စောင့်ရှောက်ပေးနိုင်မှာ ""အဲ့ဒါဆို Jenoက ကျောင်းမှာ အဆင်ပြေပြေနေပြီး စာကြိုးစားရမယ်နော် ရန်တွေဘာတွေမဖြစ်ရဘူး "
Doyoung hyungသတိပေးတာကို Jenoနားလည်ပါတယ်
Jeno ဟိုတခါ Doyoung နဲ့ပက်သက်ပြီး ရန်ဖြစ်မလို
ဖြစ်ခဲ့တာကြောင့် Scholarship ပြန်အသိမ်း
ခံရတော့မလို ဖြစ်ခဲ့သေးသည် အချင်းချင်းမှီခိုနေရတဲ့
သူတို့ညီအကိုနှစ်ယောက်က ဘာမှမရှိပေမယ့် ပညာအရည်
အချင်း မှာ ထူးချွန်နေလို့သာ တော်ပေတော့တယ်
YOU ARE READING
𝗢𝗻𝗹𝘆 𝘆𝗼𝘂
Fanfiction"ငါ့မှာ မင်းတစ်ယောက်တည်းပဲ ရှိတယ်" "ကျွန်တော့်မှာလည်း ဒိုယောင်းတစ်ယောက်တည်းပဲ ရှိတာ"