10

137 15 2
                                    

လူနှစ်ယောက် ရှိနေတယ် လို့ပင် မထင်ရအောင်
အရာရာဟာ ငြိမ်ချက်သား ကောင်းနေသလိုပင်

မျက်နှာချင်းဆိုင် အနေအထားနှင့် ထိုင်နေကြသူ
နှစ်ယောက်မှာလည်း တစ်ယောက်ကိုတစ်ယောက်
အကဲခတ်နေကြ၏

"သွားနားတော့မယ် "

စိတ်မရှည်စွာ ဂျယ်ဟျွန်းက ထသွားတော့မယ်ပြင်တော့မှ
မေးခွန်းတချို့ ထွက်လာသည်

"မင်း ဘာတွေလုပ်နေခဲ့တာလဲ Yoon oh"

"ကျွန်တော် ဘာတွေလုပ်နေလို့တုန်း"

"မင်း ရုတ်တရက် Korea ကို ပြန်လာပြီး လာအချိန်
ဖြုန်းနေတာမဟုတ်ဘူးလား  အဖိုးအားကိုးနဲ့ မင်းလုပ်
ချင်ရာတွေလုပ်နေတာ မဟုတ်ဘူးလား"

"အချိန်ဖြုန်းတာဆိုလည်း အချိန်ဖြုန်းတာပဲပေါ့
ကျွန်တော် သွားနားတော့မယ် "

"Doyoung နဲ့ ဘာလို့ အတူရှိနေတာလဲ"

"..."

"Doyoung က မင်းဒီကို လာရတဲ့ အကြောင်းပြချက်
လား "
"ငါ့အစား ဒါတွေ လုပ်ပေးနေတယ်ဆို ရပ်တန်းကရပ်လိုက်
ငါ ဒီအချိန်ကို စောင့်နေခဲ့ရတာ မင်းအသိပါ "

Jaehyun က တစ်ချက်ရယ်လိုက်ကာ ကျောခိုင်းရင်းနဲ့
ပဲ တုံ့ပြန်လိုက်သည်

"hyung အစားလို့ ဘာလို့ တထစ်ချ တွေးနေရတာလဲ
ကျွန်တော့်မှာ hyungအတွက်လို့ ရည်ရွယ်ပြီး
လုပ်ဖို့ တွေးထားတာမျိုး မရှိဘူး"

"ဒါဆို ဘာအတွက်လဲ !"
"ဒါဆို မင်း ငါ့ကို ရွဲ့‌နေတာလား  ငါက မင်းလိုမဟုတ်ပဲ
မာမီ့ကို မလွန်ဆန်နိုင်တဲ့သူ ဆိုပြီးလေ "

Jaehyun ရဲ့ ခပ်ဟဟ ရယ်သံက တစ်ဖက်ကို
သွေးတိုးစမ်းနေသကဲ့သို့ပင်

"မဟုတ်မှ မင်း "

Jaehyun က အနည်းငယ် ခန့်မှန်းရခက်တဲ့ အပြုံးနဲ့
လှည့်ကြည့်လာသည်

"မင်း ဘယ်လိုဆိုပါစေ ငါဂရုမစိုက်ဘူး Yoon oh
ငါ ခု မာမီ ကို ပွင့်ပွင့်လင်းလင်း ပြောပြီးသွားပြီ ငါ ဒိုယောင်း
ကျေနပ်တဲ့အထိ တောင်းပန်ဖို့ စိတ်ကူးပြီးသား ဒိုယောင်းနှင်ထုတ်
ရင်တောင် ဒိုယောင်းနားမှာပဲ ကပ်နေမှာ ဒိုယောင်းကို ငါ အရင်
ကတည်းက သဘောကျနေခဲ့တာ မင်းအသိပါ "

"အဲ့တော့ ဘာလဲ hyung ငါက ဒိုယောင်းကို မင်းထက် အရင်
သိလာတာ ဆိုပြီး ကလေးကလားဆန်ဆန် လာယှဉ်နေတာလား
ဟင်? အရေးမပါဝာာတွေ သိပ်လုပ်ရတာ ခင်ဗျားရဲ့ ဝါသနာပဲ
ထင်ပါတယ် "

"Jung Yoon oh! "

"ခုကြမှ ခင်‌ဗျားက တောင်းပန်တော့ရော ခင်ဗျားကြောင့်
ဖြစ်ခဲ့တဲ့ ပြဿနာတွေက အစကနေပြန်အဆင်ပြေသွားမှာလား!"

"အဲ့တုန်းက မင်းလည်း ငါ့အခြေအနေသိရဲ့သားနဲ့ ငါ့ကိုယ်ငါတောင်
အနိုင်နိုင် .."

"ခင်ဗျား အဲ့အခြေအနေကနေ ရုန်းထွက်နိုင်ခဲ့တုန်းကရော
ခင်ဗျား မာမီ့ကို မလွန်ဆန်နိုင်ဘူးဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ သူ့ကို
မေ့ထားခဲ့တာမဟုတ်ဘူးလား ခုကရော ဘာလဲ ဒီမြေကို ပြန်ခြေ
ချမိလို့ ရုတ်တရက် အပြစ်ရှိစိတ်တွေ ပေါက်ဖွားလာလို့လား !?"

"ငါသူ့ကို ဘယ်တုန်းကမှ မမေ့ခဲ့ဘူး! သူ့ကို အမြဲတောင်းပန်ချင်
နေခဲ့တာ ! ဒီကို ပြန်လာဖို့ အခွင့်ရတာနဲ့ ငါသူ့ကို တောင်းပန်ဖို့
ဆုံးဖြတ်ထားတာပဲလေ "

Jaehyun က လက်သီးတို့ကိုသာ အသာဆုပ်ရင်း

"တကယ်ကို အရေးမပါတာတွေ လုပ်ရတာ ခင်ဗျားရဲ့ ဝါသနာထင်ပါတယ် "

ကျောပြန်ခိုင်းလိုက်ကာ အပေါ်တို့သာ တက်ခဲ့တော့သည်
တောင်းပန်ချင်ခဲ့တာ တဲ့ ။
ဒိုယောင်းအတွက် ဆုံးရှုံးသွားခဲ့တာကို တောင်းပန်ရံုနဲ့ ပြန်ကုစား
ချင်နေတာတဲ့
သူ့ရဲ့ စိတ်တွေက ပြည့်ကြပ်နေခါ အခန်းတံခါးကိူလည်း
အကြမ်းပတမ်းပိတ်ချမိသည်

စိတ်ငြိမ်အောင် ခနစောင့်ပြီးတဲ့အခါမှာတော့ သူ စာရေးစားပွဲ
ပေါ်သို့ သေချာထိုင်ကာ စာတစ်စောင်ရေးဖို့ ဆုံးဖြတ်လိုက်သည်

To. ဒိုယောင်း ဟျောင်း

_____________________________________________

မup ဖြစ်တာ ကြာပြီပေမယ့် ဒါလေး ဒီရက်အတွင်း
ပြီးအောင် update ပေးပါ့မယ် ဟီး 🫶

𝗢𝗻𝗹𝘆 𝘆𝗼𝘂Where stories live. Discover now