*မင်းပြုံးရင် ငါသိပ်သဘောကျတာ ဒိုယောင်း*
သူပြုံးတာကို သဘောကျတယ်ဆိုပြီး သူ့ဘေးနားက
ကောင်လေးက ပြောနေတာကြောင့် သူက လှည့်ကြည့်ရင်း
မထိတထိ ပြုံးလိုက်မိသည် သူတို့နှစ်ယောက်က
တစ်ယောက်ကိုတစ်ယောက် ကြည့်နေရင်းနဲ့မှ ပြုံးနေတဲ့
တစ်ဖက်က ကောင်လေးက ရုတ်တရက် တည်သွားကာ
သူ့ကို ခပ်စူးစူးကြည့်လာခဲ့သည် ခုနက နူးနူးညံ့ညံ့
ပြုံးနေတဲ့ အပြုံးတွေက ပျောက်ကွယ်သွားတာကြောင့် Doyoung လန့်သွားခဲ့သည်"မင်း မင်း ဘာဖြစ်တာလဲ "
"ငါ့ကို မထိနဲ့! သူတို့ လိုက်လာပြီ သူတို့ဆီက ငါလွတ်
မြောက်ဖို့လိုတယ် "Doyoung က နေရာက နေ လှုပ်လို့မရတော့ပဲ
သူ့ရှေ့က ဖြစ်ပျက်နေတဲ့ မြင်ကွင်းကို ဒီတိုင်းကြည့်နေရတယ်
သူဘာမှ မတတ်နိုင်သလိုမျိုး ဒါပေမယ့် တစ်ခနအတွင်းမှာ
ခြေသံတစ်ဘုန်းဘုန်းနဲ့အတူ လူတစ်အုပ်က သူတို့နား
ရောက်လာခဲ့တယ်"Kim Doyoung မင်း ငါ့သားကို ဖျက်ဆီးလိုက်တာ!"
"ငါ့သား ခုလို ဖြစ်ရတာမင်းကြောင့် ! ဒါတွေအားလုံး
မင်းအပြစ်တွေ သေချာမှတ်ထား ဒါတွေအားလုံး
မင်းကြောင့် ပဲ မင်းအပြစ်တွေ! "သူ ငြင်းချင်ပေမယ့် သူ့ပါးစပ်က ဘာမှထွက်မလာခဲ့ဘူး
သူ့ကို လက်ညိုးထိုးကာ ကြိမ်းနေတဲ့ အမျိုးသမီးတစ်ဦး
ကို သူ ကြောက်လန့်စွာပဲ ကြည့်နေခဲ့ရတယ် အဲ့နောက်မှာ
ပတ်ပတ်လည်မှာ ပေါ်လာတဲ့ လူတွေက သူ့ကို လက်ညိုးထိုး
ကာ ဝိုင်းလှောင်နေကြတယ် ဒါမယ့် သူဒီနေရာကနေ
ဘယ်မှ ရွေ့မရခဲ့ဘူး တစ်ယောက်ယောက်လာကယ်တင်ဖို့
ကို သူ့စိတ်ကနေ ဆုတောင်းနေခဲ့မိတယ်"Doyoung hyung"
လူတွေ ဝိုင်းရယ်နေတဲ့ကြားကနေ နူးညံ့ပြီး စိုးရိမ်နေတဲ့
ခေါ်သံလေးကို သူကြားလိုက်ရတာကြောင့် သူဟာ
ခွန်အားတွေရသွားသလို ခံစားလိုက်ရတယ် ထိုအသံကြား
ရာနောက်ကို တဖြည်းဖြည်း ထသွားရင်းး ဘယ်ကနေ
ဘယ်လိုရောက်သွားမှန်းမသိတဲ့ တံခါးတစ်ချပ်ကို တွေ့
လိုက်ရတာကြောင့် သူ ၀မ်းသာအားရ ဆွဲဖွင့်လိုက်ပေမယ့်
ပွင့်မလာ ဒါ့ကြောင့် သူက တံခါးကို ကပ်ကာ နားထောင်
မိလိုက်တော့
YOU ARE READING
𝗢𝗻𝗹𝘆 𝘆𝗼𝘂
Fanfiction"ငါ့မှာ မင်းတစ်ယောက်တည်းပဲ ရှိတယ်" "ကျွန်တော့်မှာလည်း ဒိုယောင်းတစ်ယောက်တည်းပဲ ရှိတာ"