Final

129 9 2
                                    

"အင်း ၀ယ်ခဲ့တယ် မင်းသာ စောစောပြန်လာ"

ဂျဲနို နဲ့ဖုန်းပြောပြီးတာနဲ့ သူ လမ်းမီးရောင်တွေအကူနဲ့
လမ်းလျှောက်နေခဲ့သည် ဟိုတစ ဒီတစ အတွေးက ပျံ့နှံ့နေရင်း
နဲ့မှ ခြေသံခပ်ပါးပါးကို သူသတိထားမိလိုက်သည်
သူဟာ မသိချင်ယောင်ဆောင်ကာသာ လမ်းလျှောက်လာရင်း
ခနလောက်နေခါမှ အနောက်ကို လှည့်ကြည့်တော့
နောက်က မလှမ်းမကမ်းက သူကပါ ခြေလှမ်းတွေကို အလောသုံး
ဆယ် ရပ်လိုက်သည် တစ်ဖက်ကသူက အမှောင်ထဲမှာမို့
မျက်နှာကို သေချာမမြင်ရပေမယ့် အပြုအမူတွေကတော့
နှစ်တွေကြာဝာာတောင် ဒိုယောင်း မှတ်မိနေဆဲပင် ။
ဒိုယောင်းက ဆက်လက်ပြီး မသိချင်ယောင်ဆောင်ရင်း
အိမ်ကိုသာ တန်းတန်းမတ်မတ်လျှောက်လာခဲ့သည်
သူ့ရဲ့ နှုတ်ခမ်းဖျားတွေကလည်း အနည်းငယ် ကော့ညွတ်နေလျက်

ခြံတံခါးကို ဖွင့်လျက်သားထားခဲ့ရင်း အိမ်ထဲ ၀င်လာခဲ့သည်
အိမ်ထဲ ၀င်လာခါမှ ဒိုယောင်းရဲ့ ရင်တွေဘယ်လောက်တောင်
တုန်နေသလဲဆိုတာ သိတော့တယ်
ခနလောက်ကြာတော့ တံခါးမကြီးကနေ တံခါးခေါက်သံ ထွက်
လာခဲ့သည် တံခါးခေါက်သံ အလိုက် ဒိုယောင်းရဲ့ နှလုံးခုန်နှုန်း
တွေပါ မြင့်တက်လာသလားတောင် အောက်မေ့ရပါတယ်
အမြန် စိတ်ထိန်းရင်း မျက်နှာပြန်ပြင်ရင်း တံခါးကို ဘာသိဘာသာ
ဖွင့်လိုက်တော့ ပြန်လှည့်မလို့ပြင်ကာ ကျောခိုင်းထားတဲ့
ကျောပြင်ကျယ်တခုနဲ့ဆုံလိုက်ရသည်

ထိုသူကလည်း တံခါးဖွင့်သံကြောင့်ထင်ပါ၏ ချက်ချင်း
ပြန်လှည့်ကြည့်လာသည် ထို့နောက် နှစ်ယောက်လုံးက
ကြောင်အမ်းအမ်းနဲ့ တစ်ယောက်က်ုတစ်ယောက် စိုက်ကြည့်နေ
မိကြသည် တစ်ယောက်ရဲ့ပြောင်းလဲမှုတွေကို တစ်ယောက်က
ရှာဖွေနေသည့်အလား မှတ်သားနေသည့်အလား

"ဟို ဟို Jeno ဆီ လာတာ "

"အင်း ခနနေပြန်လာတော့မှာ"

"ဒါဆို အထဲ၀င်စောင့်လို့ရမလား"

"အင်း ၀င်လေ"

အို့တို့အမ်းတမ်းစကားဝိုင်းအပြီးမှာ နှစ်ယောက်လုံးက
ရှေ့ဆင့်နောက်ဆင့် အိမ်ထဲ၀င်လာခဲ့သည် သူ ၀ယ်လာတာတွေကို
မီးဖိုချောင်ထဲသွားထားမလို့ ပြင်တော့ အနောက်က စကားသံက
တဇွတ်ထိုးဆန်ဆန် ထွက်လာသည်

𝗢𝗻𝗹𝘆 𝘆𝗼𝘂Where stories live. Discover now