7

222 25 4
                                    

"hyung "

တံခါးဖွင့်ကာ ထွက်လာတဲ့ အသံကြောင့် အိမ်ရှေ့မှာ
ငြိမ်ကာ ထိုင်နေတဲ့ သူတို့နှစ်ယောက်က အမြန်ထလိုက်
ကြသည်

"Jeno"

"အာ Jaehyun hyung ပါ ရောက်နေတာလား
အထဲမ၀င်ကြဘူးလား"

"Jeno hyungကိုတခုလောက်ကူညီပေးပါဦး
ဒီနားက storeမှာ သောက်စရာတခုခု သွား၀ယ်ပေးနိုင်
မလား"

"ဟုတ် ရတာပေါ့ ဒါဆို ကျွန်တော့်ကိုခွင့်ပြုဦး"

Jeno က အမှောင်ရိပ်ထဲက Doyoung ကို
အကဲခတ်သွားပြီးမှ ထွက်သွားတော့သည်

"Jenoကို မသိစေချင်ဘူးမလား မငိုနဲ့တော့ အထဲသွား
ရအောင် "

သူ့ကို ပုခုံးကနေ ဆွဲခေါ်ပြီး ကလေးလေးတစ်ယောက်က်ု
ချော့သလိုမျိုး ပြောနေတဲ့ သူကိုလည်း အရင်လို
ပြန်မပြောနိုင်တော့ပေ သူဆွဲခေါ်သွားတဲ့အတိုင်းသာ
အိမ်ထဲ ၀င်လာခဲ့လိုက်တော့သည်

အဲ့နောက်ကစပြီး Jaehyun ဟာ သူနဲ့ ကြားက
စည်းတစ်ထပ်ကို ဓားနဲ့ ပါးပါးလှီးသလို ပိုလို့ တိုး၀င်လာ
တယ်ဆိုတာကို Doyoung သတိထားမိခဲ့တယ်
Jenoရှိ‌တဲ့ အချိန်တွေမှာ အတူတူဆော့နေကြတတ်ပြီး
Jeno မရှိချိန်တွေမှာလည်း Jenoကမရှိဘူးကိုး ဟု
ဆိုကာ ပြန်သွားတာမျိုးလည်း မရှိပဲအိမ်ထဲမှာ ၀င်နေတော့တာပဲ တခါတလေမှာ သူ မီးဖို‌ခန်းမှာ အလုပ်များနေချိန်
တွေမှာ အနားမှာ တဝဲသီသီ လာရပ်နေတတ်သလို
တခါတလေကြလည်း ရုတ်တရက်ကြီး ထွက်ပြေးသွား
တတ်ပြန်သည် မင်းငါ့ဆီကနေ
လိုချင်တဲ့အရာရှိတယ်မလား လို့မေးရင်လည်း
စိတ်ကောက်သွားတတ်သေးတာကြောင့် သူနဲ့Jaehyun
ရဲ့ ရင်းနှီးမှု levelကို ပြန်တွက်ကြည့်နေရသေး၏

အလုပ်ကနေ ပြန်လာတဲ့ အချိန်မှာ ခေါင်းထဲရောက်နေ
တာက Jeong Jaehyun ရဲ့ အကြောင်းတွေပဲ
ဖြစ်နေတာကြောင့် သူ့ကိုယ်သူ သက်ပြင်းချရသေး၏
သူ့အတွေးနဲ့ သူ ခေါင်းခါလိုက် သက်ပြင်းချလိုက်နဲ့
လုပ်နေရင်း တနေရာ အရောက်မှာ သူ့ရဲ့ခြေလှမ်းတွေက
တုန့်ခနဲ ရပ်သွားသည် သူ့ရဲ့အာရုံတွေက အမျိုးသမီးတဦးနဲ့
သူ့အရွယ် ကောင်လေးတစ်ဦး ဆီမှာ ရှိနေခဲ့တယ်
မြင်ကွင်းက ပိုပိုပြီး သေချာလာတာနဲ့ သူ့ရဲ့ စိတ်တွေက
အနည်းငယ် တုန်လှုပ်လာခဲ့တယ် ထွက်ပြေးချင်ပေမယ့်
သူ့ရဲ့ ခြေထောက်တွေက အဲ့မှာပဲ ရပ်နေတုန်း
ရုတ်တရက် ဆုံသွားတဲ့ အကြည့်တချက် နောက်မှာတော့
သူဟာ နောက်ပြန်လှည့်ပြေးမိတော့တာပဲ

𝗢𝗻𝗹𝘆 𝘆𝗼𝘂Where stories live. Discover now