"ဟိတ် ကလေးတွေ မပြေးနဲ့လို့ ပြောနေတယ်လေ !"
"ဟားဟားဟား "
တဟားဟားအော်ရယ်ကာ ပြေးနေကြတဲ့ ကလေးတွေနဲ့
အနောက်ကနေ ပြေးလိုက်ရင်း သတိပေးနေတဲ့ ၀န်ထမ်းကို
လိုက်ကြည့်ရင်း ဒိုယောင်း ပြုံးနေသည်
ထို့နောက် သူ နာရီကို တလှည့် ပန်းခြံ ရဲ့ ၀င်ပေါက်ကို တလှည့်
ကြည့်လိုက်ရင်း သူ့ရဲ့ စိတ်တွေက ဇဝေဇဝါ ရယ်တကယ်တော့ သူ ညက ပြောတာတွေကို အကုန်ကြားလိုက်ပါတယ်
အစကတော့ သူ နားမထောင်လိုတဲ့ စကားတွေကိုပဲ ထပ်ပြော
မယ်လို့ တွေးပြီး ထွက်ပြေးခဲ့တာပေမယ့် အရေးကြီး ပြောစရာ
ဆိုတာက တကယ်ကို အရေးကြီးတယ်ဆိုတာကို သူ့စိတ်ထဲမှာ
နားလည်လိုက်တာကြောင့် သူအခွင့်အရေးအနေနဲ့ လာစောင့်ပေး
နေတာ ဖြစ်ပါသည် ဒါပေမယ့် မိနစ်တော်တော်စွန်းသည်အထိ
တစ်ဖက်သူရဲ့ အရိပ်လေးတချက်တောင် မမြင်ရပေ။
နာရီ၀က်လောက် ထပ်စောင့်ဖို့ဆုံးဖြတ်လိုက်ရင်း ငြိမ်ငြိမ်လေးသာ
ထိုင်နေလိုက်သည်"hyung "
ခေါ်သံနဲ့အတူ ဒိုယောင်း ရဲ့မြင်ကွင်းထဲကို သူရင်းနှီးပြီးသား
ဖိနပ်တစ်စုံက ပါ ရောက်လာတာမို့ ဒိုယောင်းက မော့ကြည့်လိုက်
သည်"Jeno?"
Jeno က အသာပြုံးရင်း ဒိုယောင်းဘေးကို လာထိုင်တော့
ဒိုယောင်း ခန္ဓာကိုယ်က အလိုလို မတ်မိလျက်သားး
ဘာဖြစ်လို့ Jenoက သူ့နောက်လိုက်လာပြီး ဒီမှာပါ လာထိုင်
နေတာပါလိမ့် လို့ သူဆက်တိုက်တွေးနေမိပြီး ဘာလို့ သူက
သူ့ညီကွယ်ရာမှာ မဟုတ်တာလုပ်နေတဲ့ သူလို စိတ်လှုပ်ရှားနေရ
တာလဲလို့ပါ တွေးနေမိသည် ဒီအချိန်ကြမှ ဂျောင်ဂျယ်ဟျွန်းသာ
ကွက်တိပေါ်ချလာရင် သူက လုံး၀ လက်သီးနဲ့ တစ်ချက်ထိုးပစ်
ဖို့ပါ ကြိမ်းထားမိလျက်သား။"hyung လည်း သဘောကျရဲ့သားနဲ့"
"ဘာကိုလဲ"
Jeno က အသာရယ်ရင်း ဒိုယောင်းလက်ထဲကို စာ တခု
ထည့်ပေးလာပါသည် ဒိုယောင်းက နားမလည်သလို ကြည့်လိုက်
တော့ ဖတ်ကြည့်ဖို့သာ အရိပ်ပြလာသည်
ဒါ့ကြောင့် ဒိုယောင်းလည်း စာကို ဖွင့်ကာ ဖတ်လိုက်တော့
ဂျောင်ဂျယ်ဟျွန်းဆီကပင်။
YOU ARE READING
𝗢𝗻𝗹𝘆 𝘆𝗼𝘂
Fanfiction"ငါ့မှာ မင်းတစ်ယောက်တည်းပဲ ရှိတယ်" "ကျွန်တော့်မှာလည်း ဒိုယောင်းတစ်ယောက်တည်းပဲ ရှိတာ"