Doyoung ဒီနေ့လည်းအိမ်ကိုစောစောပြန်လာခဲ့သည်
ဒီနေ့ရဲ့ ထူးခြားမှုကတော့ သူ့နောက်က ပါလာနေကြ ခြေသံလေး
မရှိနေတာပင်။ ဒါပေမယ့် သူသိပ်ကြာကြာတော့ မတွေးချင်ပါ
ဒီလိုမျိုး ပြတ်ပြတ်သားသားဖြစ်သွားတာ ပို၍ပင် ကောင်းသည်
မဟုတ်ပါလားး သူက အသက်ပြင်းပြင်းရှူထုတ်လိုက်ရင်း
လုံး၀ ပေါ့ပါးသွားပြီ ဆိုမှ အိမ်ရဲ့ တံခါးမကြီးကို လှမ်းဖွင့်လိုက်
တော့သည် ။"..."
ဒါပေမယ့် သူ့ရှေ့မှာ ဘွားခနဲ ရပ်နေတဲ့ သူကြောင့် သူ ငါးစက္ကန့်
လောက် ကြောင်ကြည့်နေမိသည်"ဟို Jeno က ဂိမ်းဆော့ဖို့ ခေါ်ထားလို့ ရောက်နေတာ
ဟို hyung မယုံရင် Jenoကို မေးကြည့်လို့ရတယ် "အရှေ့ကနေ လက်တကာကာ ရှင်းပြနေသူကိုသာ ကြည့်နေမိသည်
အဲ့ကောင်လေးက ဂျဲနိုကို ဘယ်လိုဘယ်လိုတွေ ပြောလိုက်သလဲ
တော့ သူမသိပေမယ့် ဂျဲနိုက အရင်အတိုင်းပဲ မပြောင်းလဲစွာ
အိမ်ကို ၀င်ထွက်ခွင့်ပေးထားပုံရသည်"အင်း ခု ပြန်တော့မလို့လား "
သူက ဂျဲနိုရဲ့ ဧည့်သည် ဆိုတဲ့စိတ်နဲ့ပဲ ပြန်လည် မေးမြန်းလိုက်ခြင်းပင်။
"မဟုတ်ပါဘူးး ဟို လမ်း ထွက်လျှောက်မလို့ လုပ်နေတာ
ဒါပေမယ့် မလျှောက်တော့ဘူးး "ဝေ့လည်ကြောင်ပတ် တွေပြောနေတာကြောင့် ဒိုယောင်းလည်း
ထပ်ရပ်မနေတော့ပဲ အထဲကိုသာ ဖြောင့်ဖြောင့်ဖြူးဖြူး
၀င်သွားလိုက်တော့သည်"Jeno ညစာ မစားရသေးရင် ဒီမှာ hyung ပါလာတာတွေ
တခါတည်းစားလိုက် ""ဟျောင်း မစားတော့ဘူးလား"
"ဒီည သူဌေး မွေးနေ့မလို့ စားခဲ့လိုက်ပြီ ညစာစားတော့
အချိန်လင့်သွားလိမ့်မယ် "ဒိုယောင်းကပြောပြီးတာနဲ့ သူတို့နဲ့ မလှမ်းမကမ်းမှာ နှုတ်ခမ်း
စူစူလေးနဲ့ ရပ်ကြည့်နေတဲ့ သူကို တစ်ချက်ကြည့်ပြီးတာနဲ့"ဧည့်သည်ကိုပါခေါ်လေ ဒါဆို ဟျောင်း စာသွားလုပ်တော့မယ်"
"ဟုတ် "
ဂျဲနိုက မျက်လုံးတွေ မှိတ်ကျအောင် ရယ်ပြကာ နှုတ်ဆက်တော့
သည်
YOU ARE READING
𝗢𝗻𝗹𝘆 𝘆𝗼𝘂
Fanfiction"ငါ့မှာ မင်းတစ်ယောက်တည်းပဲ ရှိတယ်" "ကျွန်တော့်မှာလည်း ဒိုယောင်းတစ်ယောက်တည်းပဲ ရှိတာ"